မိုင်းနောင်မြို့ စကခ (၂) စစ်ဌာနချုပ်မှ တိုက်ပွဲအတု ညလုံးပေါက် ဆင်နွဲ - ဝမ့်ဟိုင်းအား တိုက်လေယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်


ဓါတ်ပုံ- ယနေ့မနက် ၀မ့်ဟိုင်းတွင် ပျံဝဲနေသော စစ်ရဟတ်ယာဉ်
နိုဝင်ဘာ ၁၀ ရက် ၂၀၁၅ ခု

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အခြေ စိုက် အမှတ် ၂ စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် စကခ လက်အောက်ခံ တပ်ရင်းများက တိုက်ပွဲအတုများ ည လုံးပေါက် ဆင်နွဲကာ ယနေ့ နံနက်ပိုင်း တွင် သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်းအား တိုက်လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

၂၀၁၅ နိုဝင်ဘာ ၉ ရက် ည မှ ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ မိုင်းနောင် အခြေစိုက်စကခ ၂ လက်အောက်ခံတပ်ရင်းများက တိုက်ပွဲအတု များ ညလုံးပေါက်ဆင်နွဲ ကြောင်း၊ မိုင်းရှူးမြို့ အခြေစိုက် ခလရ ၁၄၉ က လည်း ယနေ့ နံနက် ၇ နာရီကျော်တကြိမ် ၁၀ နာရီခန့်တကြိမ် မိုင်းရှူးမြို့ေ ပါ် ဖြတ်သန်းပျံဝဲကာ လွဲဝိန်းကျေးရွာနှင့် ပန်ဝိုက်ကျေးရွာ (မိုင်းရှူးမြို့မြောက် ဘက် ၇ မိုင်ခန့်) ဘက် ၁၀ ကြိမ်ထက်မနည်း လက်နက်ကြီးများ ပစ် ခတ် ကြောင်း၊ ထို့ ပြင်တိုက်ပွဲဝင် ရဟတ်ယာဉ် ၃ စီးက နံနက် ၁၀ နာရီ ခန့်မှ စ၍ ဝမ့်ဟိုင်းအား စတင်တိုက်ခိုက်နေကြောင်း သိရသည်။

“စစ်ရဟတ်ယာဉ် သုံးစီးရောက်လာတယ် ဝမ့်ဟိုင်းကို။ အခုထိပစ်နေတုန်း။ ပြီးမှ ပြန်ဆက် ပါ” - ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တွဲဘက် အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ခမ်းသီ က နံနက် ၁၀ နာရီအချိန်က သျှမ်းသံတော်ဆင့်အား ပြောသည်။

“ဒီမနက် မိုင်းနောင်မှာ လေယာဉ်တွေဗုံးလာကြဲတယ်။ ဗုံးသံအကျယ်ကြီးကြား ရတယ်။ ဗမာစစ်သားတွေက ညတုန်းက ကျနော်တို့ နေအိမ်ခြံဝန်း ထဲမှာ လာနေပြီး ပစ်နေတယ်။ လက်နက်ကြီးလက်နက်ငယ်အစုံဘဲ။ တခြားတဖက် ကတော့ သူတို့ကို ပြန်တိုက်တာ ပြန်ပစ်တာ မကြားရဘူး။ကျနော်တို့ မိသား စုတော့ တူးထားတဲ့ကျင်းထဲမှာ သွားပုန်း နေရတယ်တညလုံး” - ဟု မိုင်းနောင် မြို့ စိုင်းအိုက်အွန် ကပြောသည်။

“ဒီမနက် ၈ နာရီတုန်းက ဗမာစစ်လေယာဉ် ၂ စီးက မြို့ထဲကို သေနတ်ပစ်ချ တယ်။ ၈ နာရီခွဲမှာ ခဏနားပြီးတော့ ၈ နာရီ ၄၅ မိနစ်မှာ စစ်တပ်က ဗမာစစ် သားတွေဘဲ မြို့ထဲပြန်ဝင်လာပြီး မိုးပေါ်ကိုသေနတ်ထောင်ပစ်တယ်။ အဲဒီေ နာက် ဟယ်လီကော်ပတာ ၂ စီး လာဝဲတယ်။ အဲတာထွက်သွားပြီးမကြာခင် ၁၀ နာရီ ၅၀ မှာ စစ်လေယာဉ် ၂ စီးထပ်ဝင်လာတယ်။ နေအိမ် ၂ လုံး မီးေ လာင် သွား တယ်။ လူတွေအော်ဟစ်ငိုယိုပြီး ကျင်းထဲဝင်ပုန်းကြတယ်။ ဘယ်သူမှ ထွက်မကြည့်ရဲဘူး” ဟု ဒေသခံစိုင်းကျော်က ပြောသည်။

ထိုသို့ပစ်ခတ်နေမှုသည် ဗမာစစ်သားများဘက်က တဖက်တည်းသာ ရမ်းပစ် ခတ်နေခြင်းဖြစ်ပြီး ၎င်းတို့အား ပြန်လည်ပစ်ခတ်သည့်ဘက်မရှိကြောင်း မိုင်းနောင်ဒေသခံများကပြောပါသည်။

“ဒီနေ့တော့ ကလေးတွေ ကျောင်းလဲမသွားရတော့ဘူး။ ဈေးဆိုင်တွေလဲ ဘယ်သူမှ မဖွင့်ရဲ တော့ဘူး၊ အိမ် အပြင်တောင်မထွက်ရဲဘူး” ဟု မိုင်းရှူးမြို့ခံ ကလေး နှစ်ယောက်အမေ နန်းခမ်း ကပြောသည်။

“အဲဒီလုပ်ရပ်မျိုးဟာ ရွေးကောက်ပွဲရလဒ်ကို လူထု စိတ်မဝင်စားအောင် လုပ် တာဘဲ ၊ ရွေး ကောက်ပွဲရလဒ်ကို တရားမျှတစွာထုတ်ပြန်ဖို့ အနှောင့် အယှက်ြ ဖစ်စေတယ်။ လူထုကိုလဲ အာရုံနှောက်စေတယ်။ ရွေးကောက်ပွဲရ လဒ်ကို တရားမျှတ စွာထုတ်ပြန်ဖို့အတွက် ယူအီးစီ ကိုလဲ အနှောင့်အယှက်ပြုရာေ ရာက်တယ်။ တိုင်းရင်းသားစည်းလုံးညီညတ်ရေး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လုံးဝ အရုပ်ဆိုးစေတယ် ။ အဲတော့ ကျနော်တို့ SNLD အနေနဲ့ တိုက်ပွဲလုပ်နေတဲ့ကိစ္စရပ်တန်းက ရပ်ပါ။ နိုင်ငံရေးကို နိုင်ငံရေးစား ပွဲပေါ် မှာဘဲ မျှတစွာ ဆွေးနွေးကျပါ” - ဟု SNLD ပြောရေးဆိုခွင့် စိုင်းလိတ် က ပြောသည်။

မိုင်းနောင်မြို့ ဝိန်းကောဝ်ရောက် အစိုးရတပ်မတော်သည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ကလည်း ဒေသခံလူထုနှစ်ဦးအားပစ်ခတ်သောကြောင့် နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိ ကာ အောင်ပန်းဆေးရုံသို့ ပို့ဆောင် ကုသထားရေ ကြာင်း၊ ထို့အတူ ယမန်နေ့ နိုဝင် ၉ ရက် မွန်းတည့် ချိန်ကလည်းဒေသအ တွင်းသွားလာသည့် ခရီးသွားကုန်သည် တဦး၏ ကားအား တားဆီး စစ်ဆေး ပြီး ပိုက်ဆံ ကျပ် သိန်း ၇၀ ဓါပြတိုက်ယူဆောင်သွားကြောင်း အဆိုပါ ကိစ္စ မိုင်းနောင် ရဲစခန်းနှင့် စကခ စစ်ရုံးထံ တိုင်တမ်းထားကြောင်း မိသားစုဝင်တဦး က သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် နေပြည်တော် အစိုးရ နှင့် ပြည် နယ်အဆင့်၊ ပြည် ထောင် စု အဆင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည်ေ ဆာက်ထား သည့် သဘောတူညီ သည့် စာချုပ်အား ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက်နေ့ က လက်မှတ်ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
မိုင်းနောင်မြို့ စကခ (၂) စစ်ဌာနချုပ်မှ တိုက်ပွဲအတု ညလုံးပေါက် ဆင်နွဲ - ဝမ့်ဟိုင်းအား တိုက်လေယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက်  မိုင်းနောင်မြို့ စကခ (၂) စစ်ဌာနချုပ်မှ တိုက်ပွဲအတု ညလုံးပေါက် ဆင်နွဲ - ဝမ့်ဟိုင်းအား တိုက်လေယာဉ် သုံးစီးဖြင့် ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 18:35 Rating: 5
Powered by Blogger.