နယ်လှည့်၍ ဆိုင်ကယ်ခိုးယူသူနှစ်ဦးအား ဆိုင်ကယ် ၁ဝ စီးနှင့်အတူ ဖမ်းဆီးရမိ


 မော်လမြိုင် နိုဝင်ဘာ ၅

 မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏ စီစဉ်ကြီးကြပ်မှုဖြင့် မော်လမြိုင်မြို့နယ် မြို့မ နယ်မြေရဲစခန်း စခန်းမှူး ဒုတိယရဲမှူးအောင်သီဟ၊ နယ်ထိန်းတာဝန်ခံ ရဲအုပ်အေးမင်းထွန်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၏ ကူညီပံ့ပိုးမှုဖြင့် နယ်လှည့်၍ ဆိုင်ကယ်ခိုးယူသူနှစ်ဦးအား မော်တော်ဆိုင်ကယ် ၁ဝ စီး နှင့်အတူ နိုဝင်ဘာ ၄ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်နယ်မြေ စံပယ် လမ်းနေ ကျော်နိုင်ထွန်း(၂၃)နှစ်နှင့် သီတာလမ်းနေ ထက်အောင်(ခ)ရာဂျစ်(ခ)မော်ဂယ် (၂၅)နှစ်တို့ နှစ်ဦး သည် မေလမှ အောက်တိုဘာလအတွင်း မွန်ပြည်နယ် သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မုဒုံနှင့် မော်လမြိုင်မြို့နယ် များရှိ လူစည်ကားရာနေရာများဖြစ်သော ဈေး၊ ဆေးရုံ၊ ကျောင်း၊ ရုံးများရှေ့တွင်ရပ်ထားသည့် မော်တော် ဆိုင်ကယ် ၁၅ စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးသိရပြီး ၄င်းတို့နှစ်ဦးအား မော်လမြိုင်မြို့မနယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်သန်း(မော်လမြိုင်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
နယ်လှည့်၍ ဆိုင်ကယ်ခိုးယူသူနှစ်ဦးအား ဆိုင်ကယ် ၁ဝ စီးနှင့်အတူ ဖမ်းဆီးရမိ   နယ်လှည့်၍ ဆိုင်ကယ်ခိုးယူသူနှစ်ဦးအား ဆိုင်ကယ် ၁ဝ စီးနှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.