ရွေးကောက်ပွဲတရားမျှတမှု ဦးသိန်းစိန်ကို အိုဘားမား ချီးကျူးဂုဏ်ပြု


 မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည့်အပေါ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သမ္မတ အိုဘားမားကနေ မြန်မာသမ္မတ ဦးသိန်းစိန်ကို တယ်လီဖုန်းကနေတဆင့် - “သမိုင်းဝင် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း” ပြောဆိုခဲ့တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာအများစုနဲ့ လောလောဆယ် ရှေ့ဆုံးက အနိုင်ရရှိနေတာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ မဲရလဒ်တွေအရ အစိုးရတရပ် ဖွဲ့နိုင်ဖို့အတွက် NLD အနေနဲ့ ၃၈ နေရာသာ အနိုင်ရရှိဖို့ လိုတော့တာလည်း ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ရွေးကောက်ပွဲတရားမျှတမှု ဦးသိန်းစိန်ကို အိုဘားမား ချီးကျူးဂုဏ်ပြု  ရွေးကောက်ပွဲတရားမျှတမှု ဦးသိန်းစိန်ကို အိုဘားမား ချီးကျူးဂုဏ်ပြု Reviewed by THITHTOOLWIN on 13:00 Rating: 5
Powered by Blogger.