ဒီဇင်ဘာ ပထမပတ်တွင် ဖွင့်လှစ်မည့် ရန်ကုန်စတော့အိတ်ချိန်းကို ပြည်ပလုပ်ငန်းရှင်များမှ စိတ်ဝင်စားမှု များပြား


 ဒီဇင်ဘာ ပထမပတ်တွင် ဖွင့်လှစ်မည့် ရန်ကုန်စတော့အိတ်ချိန်းကို အများပြည်သူ၏စိတ်ဝင်စားမှု နည်းပါသော်လည်း ပြည်ပလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု များပြားကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။

“စတော့အိတ်ချိန်းမှာ မြန်မာတွေကတော့ အဲဒီလောက်အထိ သဲသဲလှုပ် မဖြစ်ကြဘူး။ သို့သော် နိုင်ငံတကာ စတော့အိတ်ချိန်းတွေက အရမ်းကို စိတ်ဝင်စားကြတယ်။ အခု ဖွင့်ပွဲလုပ်မှာနဲ့ တပြိုင်နက် ထိုင်းနိုင်ငံက ၇၆ ယောက်လာမယ်လို့ ကမ်းလှမ်းတယ်။ ထိုင်းနိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတောင် လာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း ဖွင့်လှစ်သည်နှင့် တပြိုင်နက် လိုင်စင်လျောက်ထားသည့် ကုမ္ဗဏီ ၁၀ ခုမှ ရှယ်ယာများရောင်းချပေးမည်ဖြစ်ပြီး ယင်းကုမ္ဗဏီများမှာ အဆိုပါလုပ်ငန်းတွင် အတွေ့အကြုံရှိပြီးသားဖြစ်သောကြောင့် ငွေကြေးလိမ်လည်မှုများ မဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောသည်။

ရှယ်ယာရောင်းချခွင့်ရမည့် ကုမ္ဗဏီများကို ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲတွင် ကြေညာပေးသွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် စတော့အိတ်ချိန်း အကောင်အထည်ဖော်မှုမှာ ၉၀ ရာခိုင်နူန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မေလှိုင်းသူ၊ အောင်သူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဒီဇင်ဘာ ပထမပတ်တွင် ဖွင့်လှစ်မည့် ရန်ကုန်စတော့အိတ်ချိန်းကို ပြည်ပလုပ်ငန်းရှင်များမှ စိတ်ဝင်စားမှု များပြား  ဒီဇင်ဘာ ပထမပတ်တွင် ဖွင့်လှစ်မည့် ရန်ကုန်စတော့အိတ်ချိန်းကို ပြည်ပလုပ်ငန်းရှင်များမှ စိတ်ဝင်စားမှု များပြား Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.