လမ်းလျှောက်လာသူ အမျိုးသားထံမှ လက်ကိုင်ဖုန်းလုယက်သူများကို ဖမ်းဆီးရမိ


ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၈.၁၁.၂၀၁၅ ရက်နေ့ ၂၂၄၀ အချိန်တွင် လှိုင်မြို့နယ်နေ ကိုပိုင်ငြိမ်းသက်
သည် အလုပ်မှနေအိမ်သို့ လှိုင်မြို့နယ်၊ ကန်လမ်းအတိုင်း ဖုန်းအားနားကြပ်
တပ်၍သီချင်းနားထောင်ပြီး လမ်းလျှောက်၍ပြန်လာစဉ် ဦးမောင်မောင်ခြံလမ်း
နှင့် ကန်လမ်းထိပ်အရောက် နောက်ဘက်မှ လူငယ်(၃)ဦးလိုက်လာပြီး ၎င်းတို့
အနက် တစ်ဦးမှ ဆံပင်အားဆောင့်ဆွဲကာ ထိုးကြိတ်၍ ကျန်နှစ်ဦးမှ ဘီယာ
ပုလင်း၊ ကျောက်ခဲတို့နှင့်ထုရိုက်ခဲ့ကြပြီး ဆံပင်ဆွဲ ထိုးကြိတ်သူလူငယ်မှ
ဘောင်းဘီအိတ်အတွင်းထည့်ထားသော HUAWEI G6 အမျိုးအစား
ဆင်းကတ်(၂)ကတ်ပါလက်ကိုင်ဖုန်းအား လုယူထွက်ပြေးသွားခဲ့သဖြင့်
ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီ တောင်းခံခဲ့ပါသည်။

ယင်းသို့ ကိုပိုင်ငြိမ်းသက်မှ အကူအညီတောင်းခံခဲ့သည်ကို ပြည်သူတစ်ဦး
မှကြားသိပြီး လှိုင်မြို့မရဲစခန်းမှ လှည့်ကင်းအဖွဲ့သို့ ဆက်သွယ်အကြောင်း
ကြားခဲ့သဖြင့် စက်ဘီးလှည့်ကင်းအဖွဲ့မှ အခင်းဖြစ်ရပ်သို့ရောက်ရှိပြီး
လိုက်လံဖမ်းဆီးခဲ့ရာ ယင်းသို့ကျူးလွန်ခဲ့သူ လှိုင်မြို့နယ်နေသူများဖြစ်သည့်
သန့်ဇင်၊ အောင်သန်းဌေးနှင့် စည်သူတို့အား သက်သေခံပစ္စည်း လက်ကိုင်
ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ လုယက်မှုကျူးလွန်ခဲ့ကြသူ သန့်ဇင်ပါ(၃)ဦးတို့အား လှိုင်မြို့မ
ရဲစခန်း(ပ)၅၃၃/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
လမ်းလျှောက်လာသူ အမျိုးသားထံမှ လက်ကိုင်ဖုန်းလုယက်သူများကို ဖမ်းဆီးရမိ   လမ်းလျှောက်လာသူ အမျိုးသားထံမှ လက်ကိုင်ဖုန်းလုယက်သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 15:33 Rating: 5
Powered by Blogger.