မြေနီကုန်း ကျေးရွာတွင် နာရီပိုင်းအတွင်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွား စိတ်ဝေဒနာရှင်များဖြစ်သည့် ရဟန်းတစ်ပါးနှင့် လူတစ်ဦးသေဆုံး



 သထုံ ၊ နိုဝင်ဘာ ၊ ၃

 မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂ ရက်နေ့က နာရီပိုင်း အတွင်း မနီးမဝေးနေရာနှစ်ခု ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် စိတ်ဝေဒနာရှင်များဖြစ်ကြသည့် သက်တော် (၈၆)နှစ်ရှိ ရဟန်းတစ်ပါးနှင့် အသက်(၅၀)ခန့်ရှိ လူတစ်ဦးတို့ သေဆုံးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါနေ့ ည ၉ နာရီ အချိန်ခန့်က သထုံဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကိုသန့်ဇင်ဖြိုးဝေ မောင်းနှင်လာသည့် ISUSU ၆ ဘီး Mini Bus ယာဉ်သည် မြေနီကုန်းကျေးရွာ ရန်ကုန်-သထုံ အဝေးပြေးလမ်း၊ မိုင်တိုင်အမှတ် (၁၄၇/၃)နှင့် (၁၄၇/၄)အကြားတွင် လမ်းဖြတ်ကူး နေသည့် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သူ ဘင်လှိုင်ရပ်ကွက်၊ ဦးဖြူလမ်းနေ ဦးငွေထွန်းအား အရှိန်မထိန်း နိုင်ဘဲ ၀င်ရောက်တိုက်မိရာ နေရာတွင်သေဆုံးခဲ့သည်။

ယင်းနေ့ ည ၁၂ နာရီ ခန့်တွင် ၎င်းနေရာအနီး မိုင်တိုင်အမှတ် (၁၄၇/၁)နှင့် (၁၄၇/၂)အကြား၌ ထပ်မံကာ သထုံမြို့၊ နေမိန္ဒရကျောင်းသစ်မှ သက်တော်(၈၆)နှစ်ရှိ ရဟန်းတော်တစ်ပါးဖြစ်သူ အရှင်ဝဏ္ဏသိဒ္ဓိအား လမ်းဖြတ်ကူးနေစဉ် အမည်မသိ ယာဉ်တစ်စီးကတိုက်မိပြီး နေရာတွင် ပျံလွန်တော်မူ ခဲ့သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ အဆိုပါရဟန်းတော် မှာလည်း စိတ်ဝေဒနာရှင် တစ်ဦးပင်ဖြစ်ပြီး ၀င်ရောက်တိုက်မိသည့်ယာဉ်မောင်းမှာ ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုများတွင် သထုံမြို့မရဲစခန်းမှ ISUSU ၆ ဘီး Mini Bus ယာဉ်မောင်း ကိုသန့်ဇင်ဖြိုးဝေအား အမှုဖွင့်အရေးယူထားပြီး အမည်မသိ ယာဉ်နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေ သော ယာဉ်မောင်းအား အရေးယူနိုင်ရန်အတွက် လိုက်လံစုံစမ်းလျက် ရှိကြောင်း ကနဦး သတင်းအရ သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြေနီကုန်း ကျေးရွာတွင် နာရီပိုင်းအတွင်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွား စိတ်ဝေဒနာရှင်များဖြစ်သည့် ရဟန်းတစ်ပါးနှင့် လူတစ်ဦးသေဆုံး   မြေနီကုန်း ကျေးရွာတွင် နာရီပိုင်းအတွင်း ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွား စိတ်ဝေဒနာရှင်များဖြစ်သည့် ရဟန်းတစ်ပါးနှင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.