ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ ရွေးချယ်ထားသော ပါတီ အနိုင်ရမှုကို လက်မခံနိုင်စရာ မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် ဇေယျာသီရိမြို့နယ် အနော်ရထာ ရပ်ကွက် မဲရုံ အမှတ် (၁) တွင် ဆန္ဒမဲပေးနေစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook)
    နေပြည်တော်၊ နိုဝင်ဘာလ ၈ ရက် (ဆင်ဟွာ)

    ယနေ့ ကျင်းပသော ရွေးကောက်ပွဲ၌ ပြည်သူက ရွေးချယ်သော ပါတီ အနိုင်ရမှုကို လက်မခံနိုင်စရာ မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ မီဒီယာများကို ပြောကြားသည်။

လက်ရှိ ရွေးကောက်ပွဲတွင် ပြည်သူ အားကိုးသော ပါတီ အနိုင်ရမည်ဟု မျှော်လင့်ထားပြီး ပြည်သူ ရွေးချယ်မှုကို လက်မခံနိုင်စရာ မရှိကြောင်း တပ်ချုပ်က ဆိုသည်။

ဇေယျာသီရိ ရပ်ကွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ အမှတ်(၁)တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အစရှိသည့် အရာရှိကြီးများ ယနေ့ မဲများ လာထည့်ကြသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို အေးအေးချမ်းချမ်း ပြီးစီးစေချင်ပြီး ပြည်သူ့ဆန္ဒအရ ရွေးချယ်သော ပါတီ၊ အဖွဲ့အစည်းများ အနိုင်ရရှိရန် လိုလားကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

"ဒီရွေးကောက်ပွဲက ရလဒ်ကောင်းရမယ်လို မျှော်လင့်ပါတယ်"ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ ရလဒ်ကို အားလုံး လက်ခံနိုင်ရမည် ဖြစ်ပြီး အဆိုပါ ရလဒ်ကို အနိုင်ရသူနှင့် ရှုံးနိမ့်သူများများ လက်ခံရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ ရွေးချယ်ထားသော ပါတီ အနိုင်ရမှုကို လက်မခံနိုင်စရာ မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို   ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ ရွေးချယ်ထားသော ပါတီ အနိုင်ရမှုကို လက်မခံနိုင်စရာ မရှိဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆို Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.