ရန်ကုန်လေဆိပ် မှ ဟောင်ကောင်လေဆိပ်သို့ထွက်ခွာသော လေယာဉ် ငှက်နှင့် တိုက် မိ၍ ခရီးစဉ် ရပ်ဆိုင်းခဲ့ ရ


 ရန်ကုန်-နိုဝင်ဘာ ၂၅

 ရန်ကုန် အပြည်ပြည် ဆိုင်ရာလေ ဆိပ်မှ တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ် သို့ ယနေ့နံနက် (၁)နာရီ (၁၀)မိနစ် က ထွက်ခွာ သွားသော Hong Kong Dragon လေကြောင်းလိုင်း မှ ခရီးစဉ် အမှတ် KA-251 လေယာဉ်သည် ငှက်နှင့်တိုက်မိ၍ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ပြီး ခရီးစဉ်ကို ရပ်ဆိုင်းခဲ့ရကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အဆိုပါလေကြောင်းလိုင်းမှ ဟောင်ကောင်လေဆိပ် သို့ထွက်ခွာ သွားသော လေယာဉ် အမျိုးအစား A-321 လေယာဉ်အမှတ် BHTF လေယာဉ်သည် ရန်ကုန် လေဆိပ်မှ ထွက်ခွာ၍ (၁၅)မိနစ်ခန့် ပျံသန်း ပြီးနောက် ငှက်နှင့်တိုက်မိ၍ လေယာဉ်၏ ဦးခေါင်းပိုင်း အရှေ့ညာဘက်မှန်ကွဲအက်သွား သဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ (၁)နာရီ မိနစ် (၄၀)ခန့်တွင် ပြန်လည်ဆင်းသက်ခဲ့ ကာ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

“ခရီးသည်တွေကို ဟိုတယ်မှာ စီစဉ်ပေးထားပါတယ်။ ပျက်သွားတဲ့ ခရီးစဉ် အတွက်ကိုလည်း တစ်ခြားလေ ကြောင်းလိုင်းက လေယာဉ်တွေနဲ့ စီစဉ်ပြီး ပို့ဆောင်မှုတွေလုပ် ပေးနေပါပြီ။ ကျန်နေတဲ့ ခရီးသည်တွေကိုလည်း အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမှာပါ ” ဟု Hong Kong Dragon လေကြောင်း လိုင်း မှ တာဝန်ရှိသူတစ်ဦးက ယင်းနေ့ ညနေပိုင်း တွင် မြန်မာ့သတင်းစဉ်၏ ဆက်သွယ်မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံသား (၃၀)ဦးနှင့် နိုင်ငံခြားသား (၁၀၁)ဦး လိုက်ပါခဲ့ပြီး ခရီးစဉ်ဖျက်သိမ်းလိုက်ရသည့်အတွက် လေကြောင်းလိုင်းမှ ခရီးသည်များ နားခိုရန် SULE SHANGRI-LA ဟိုတယ်တွင် စီစဉ်ပေး ခဲ့သည်။ ယခုအခါ အဆိုပါလေယာဉ်ကို ရန်ကုန်လေဆိပ် တွင် ရပ်နား ထားပြီး ပြုပြင်မှုများပြုလုပ်လျက် ရှိသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် မှ တရုတ်နိုင်ငံ ဟောင်ကောင် လေဆိပ်သို့ နေ့စဉ် ခရီးစဉ် တစ်ခုသာပြန်သန်းပြေးဆွဲလျက်ရှိ ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ -ဇော်ကြီး (ပဏီတ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ရန်ကုန်လေဆိပ် မှ ဟောင်ကောင်လေဆိပ်သို့ထွက်ခွာသော လေယာဉ် ငှက်နှင့် တိုက် မိ၍ ခရီးစဉ် ရပ်ဆိုင်းခဲ့ ရ   ရန်ကုန်လေဆိပ် မှ ဟောင်ကောင်လေဆိပ်သို့ထွက်ခွာသော လေယာဉ် ငှက်နှင့် တိုက် မိ၍ ခရီးစဉ် ရပ်ဆိုင်းခဲ့ ရ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.