ရလခ စစ်တိုင်းအခြေစိုက်မြို့တွင် ပေါက်ကွဲသံကြောင့် ရွေးကောက်ပွဲအကြိုည လုံခြုံရေးတိုး မြင့်


 နိုဝင်ဘာ ၇ ရက် ၂၀၁၅

 အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရလခ အခြေစိုက်ရာ သျှမ်းပြည်တောင် ပိုင်း နမ့်စန် မြို့နယ် ခိုလမ်မြို့ မြောက်ဘက် ၁၀ မိုင်ကျော် အကွာမှာ ယနေ့ ညနေ ၅ နာရီခွဲခန့်အချိန် ပေါက်ကွဲသံကြီး နှစ်ကြိမ်ထွက်ပေါ်လို့ ဒေသခံတွေေ ကြာက်ရွံ့နေကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကပြောပါတယ်။

ခိုလမ်ဒေသခံများ ပြောပြချက်အရ ၎င်းတို့ ရပ်ကွက်အတွင်း စစ်ကား တစီး ရောက်လာပြီးမကြာမှီ နမ့်စန်မြို့မှ ရဟတ် ယာဉ် ၂ စီလည်း ခိုလမ် မြို့ဖြတ်ကာ ခိုလမ်မြောက်ဘက် ဝမ့်ဇင်းဘက် ဦးတည် သွားတယ်လို့သိရပါ တယ်။

အဲဒီနောက် ပေါက်ကွဲသံကြီးကြားရပြီးမကြာခင်မှာဘဲစစ်သားတွေ တင် ဆောင် လာတဲ့ စစ်ယာဉ်တန်းဟာ မြို့အဝင်အထွက်တွေ မှာလုံခြုံေ ရး ဖြန့် ကျက်နေရာယူထားတယ်လို့ ဒေသခံ စိုင်းအိုက်မွန်း ပြောပါတယ်။

ပေါက်ကွဲသံဟာ ခိုလမ်နဲ့ ၀မ့်ဇင်းကြားက ပြင်သာ ဟိုမောင်း ဘက်မှာဖြစ် တယ် လို့လည်းဆိုပါတယ်။

တိုက်ပွဲဝင်တင့်ကား နှစ်စီးလည်း လုံခြုံရေး စစ်ယာဉ်တန်း နှစ်စီးနဲ့အတူ ၀မ့်ဇင်းဘက်သို့ ဦးတည်သွားနေ တယ်လို့ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက် ညဦးပိုင်း ခိုလမ်မြို့အခြေအနေကတော့ ရပ်ကွက်အကြီး အကဲတွေကနေ ရပ်ကွက်သူရပ်ကွက်သားတွေကို ညအပြင်မထွက် ဖို့တားမြစ် ထားတဲ့အတွက် အိမ်တွေ ဆိုင်ခန်းတွေစောစောစီးစီးတံခါးပိတ်ပြီး တမြို့လုံး ဆိတ်ငြိမ်နေတယ်လို့ ဒေသခံတွေ၊ နိုင်ငံရေးပါတီတွေကို ဆက် သွယ် မေြး မန်း ချက် အရသိရှိရပါတယ်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
ရလခ စစ်တိုင်းအခြေစိုက်မြို့တွင် ပေါက်ကွဲသံကြောင့် ရွေးကောက်ပွဲအကြိုည လုံခြုံရေးတိုး မြင့်  ရလခ စစ်တိုင်းအခြေစိုက်မြို့တွင် ပေါက်ကွဲသံကြောင့် ရွေးကောက်ပွဲအကြိုည လုံခြုံရေးတိုး မြင့် Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.