အုပ်ထိန်းသူများက ပေးစားသူနှင့် လက်မထပ်လို၍ မော်ဒယ်တဦး ကြိုးဆွဲချ သတ်သေ


 လွန်ခဲ့သော မေလက ကြိုးဆွဲချသတ်သေခဲ့သူ နာဒီယာမီနက်ဇ်အမည်ရ အသက် ၂၄ နှစ်အရွယ် မော်ဒယ်သည် ၎င်းကို မိဘများက အတင်းအကျပ် ထိမ်းမြားပေးမည်ကို စိုးရိမ်နေခဲ့ကြောင်း သေမှုသေခင်းစစ်ဆေးမှုက တွေ့ရှိရသည်။

မီနက်ဇ်နှင့် မိသားစုသည် အင်္ဂလန်နိုင်ငံ ဂရိတ်တာမန်ချက်စတာအရပ် Oldham တွင် နေထိုင်သူများဖြစ်သည်။ မီနက်ဇ်၏မိဘဆိုသူ ဇနီးမောင်နှံသည် အမှန်အားဖြင့် သူမနှင့် ဦးလေးနှင့်အဒေါ် တော်စပ်သူများသာဖြစ်သည်ကို မီနက်ဇ်က သိရှိခဲ့ရပြီး သူမသည် စိတ်ကျရောဂါ ခံစားနေရသူဖြစ်သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးမှုအရ မီနက်ဇ်သည် ငယ်စဉ်က လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံခဲ့ရပြီး စိတ်ဒဏ်ရာကို ဖြေဖျောက်ရန် မိမိကိုယ်ကိုယ် နာကျင်အောင်ပြုလုပ်လေ့ရှိကြောင်း၊ အသက် ၁၆ နှစ်အရွယ်တွင် နေအိမ်မှထွက်ပြေးခဲ့ပြီး ၂၀၁၀ တွင် ရာဆိုးလ်ဆိုသူနှင့် အစ္စလာမ်ဘာသာထုံးတမ်းအတိုင်း လက်ထပ်ခဲ့ကြကြောင်း၊ ၎င်းတို့ ၂ ဦးတွင် ၃ နှစ်အရွယ် သမီးတဦး ထွန်းကားခဲ့ကြောင်း၊ အဆိုပါ ထိမ်းမြားမှုကို သူမ၏အုပ်ထိန်းသူများက သဘောမတူကြကြောင်း၊ ယင်းထိမ်းမြားမှုသည် ဗြိတိန်ဥပဒေအရ အကျုံးမ၀င်ဘဲ မင်္ဂလာအထမမြောက်သဖြင့် အုပ်ထိန်းသူများမှ အခြားတဦးနှင့် အတင်းအကျပ် ထိမ်းမြားလက်ထပ်ပေးမည်ကို ကြောက်ရွံ့နေခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလက မန်ချက်စတာတရားရုံးမှ အကာအကွယ်ပင် ရယူခဲ့ကြောင်း သိရသည်။

ယင်းသို့ တရားရုံးမှ အကာအကွယ် ရယူခဲ့သော်လည်း သူမ၏အစ်ကိုဖြစ်သူက ကိုယ်ထိလက်ရောက် တိုက်ခိုက်သဖြင့် နေအိမ်အပြင် မထွက်ဝံ့ဘဲ ကြောက်ရွံ့နေခဲ့သည်ဟုဆိုသည်။

သူမသည် ကြိုးဆွဲချ အဆုံးမစီရင်မီ ရာဆိုးလ်နှင့် အချင်းများ၍ သတ်သေမည့်အကြောင်း ရာဆိုးလ်ထံ ဖုန်းမက်ဆေ့ခ်ျ ပေးပို့ခဲ့သည်ဟု ဆိုသည်။

Ref ; Daily Mail
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
အုပ်ထိန်းသူများက ပေးစားသူနှင့် လက်မထပ်လို၍ မော်ဒယ်တဦး ကြိုးဆွဲချ သတ်သေ   အုပ်ထိန်းသူများက ပေးစားသူနှင့် လက်မထပ်လို၍ မော်ဒယ်တဦး ကြိုးဆွဲချ သတ်သေ Reviewed by THITHTOOLWIN on 12:13 Rating: 5
Powered by Blogger.