သူခိုးကြီးညတွင် လူသတ်ခဲ့သည့် တရားခံနှစ်ဦး လွတ်မြောက်နေ


 ပဲခူးမြို့နယ် ကမာနတ်ကျေးရွာတွင် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့
(သူခိုးကြီးည)တွင် သူငယ်ချင်း သုံးဦး အရက်သောက်ရင်း စကားများရန်ဖြစ်ရာမှ
လူသတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရှိရသည်။

အဆိုပါအမူတွင် သေဆုံးသွားသူ မောင်----(၂၄)နှစ်၏ ဖခင်ဖြစ်သူက ပဲခူးမြို့မ
ရဲစခန်းတွင် နိုဝင်ဘာ ၂၈ ရက် နေ့တွင် တရားလိုပြုလုပ် တိုင်ကြားခဲ့ပြီး ပဲခူးမြို့မ
ရဲစခန်းက (ပ)၆၄၃/၂၀၁၅၊ ပြစ်မှုပုဒ် ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း
သိရသည်။

“လက်ရှိမှာ လူသတ်တရားခံ နှစ်ဦးကတော့ ထွက်ပြေး လွတ်မြောက်နေဆဲပါ။
စခန်းက တာဝန်ရှိသူတွေက အခုထိ ဆက်လက် စုံစမ်းရှာဖွေနေဆဲပါ” ဟု ပဲခူးမြို့မ
ရဲစခန်းမှ စခန်းမှူးဦးစိုးပိုင်က ပြောသည်။

ကမာနတ်ကျေးရွာ၌ တစ်ရွာတည်းသားများ ဖြစ်သည့် မောင်---(၂၄)နှစ်၊ မောင်----
(၂၇)နှစ် နှင့် မောင်---(၂၅) နှစ်တို့သည် နိုဝင်ဘာ ၂၇ ရက်ညပိုင်းနှင့် နိုဝင်ဘာ ၂၈
ရက်က နေအိမ်ရှေ့တွင် အရက်သောက်ပြီး တစ်ယောက် တစ်ခွန်းစကားများ
ရန်ဖြစ်ရာမှ သူငယ်ချင်းနှစ်ဦးက ဓားဖြင့်ထိုးခဲ့ရာ မောင်---(၂၄)နှစ်မှာ ရင်အုံတွင်
ဒဏ်ရာတစ်ချက်၊ ပေါင်တွင်ဒဏ်ရာတစ်ချက်၊ ဒူးခေါင်းတွင် ဒဏ်ရာတစ်ချက်
ရရှိခဲ့ကာ ပဲခူးပြည်သူ့ဆေးရုံသို့ ရောက်ပြီး ငါးမိနစ်ခန့်အကြာတွင် သေဆုံးသွားခဲ့
ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
သူခိုးကြီးညတွင် လူသတ်ခဲ့သည့် တရားခံနှစ်ဦး လွတ်မြောက်နေ  သူခိုးကြီးညတွင် လူသတ်ခဲ့သည့် တရားခံနှစ်ဦး လွတ်မြောက်နေ Reviewed by THITHTOOLWIN on 13:22 Rating: 5
Powered by Blogger.