မြိုင် နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကံကလေးကျေးရွာနေ ဦးခင်ဆောင်၊ (၅၃)နှစ်သည် အောက်တိုဘာ ၁ ရက်ရက်နေ့ ညနေ (၆) နာရီခွဲအချိန်နေအိမ်တွင် တစ်ရွာတည်းနေ ဦးရဲမြင့် (၆၅)နှစ် နှင့် အတူ အရက်သောက်စားနေရာမှ စကားများရန်ဖြစ်ကြပြီး ခင်ဆောင်မှ အိမ်ထဲရှိ အရိုး အသွား (၂)ပေ (၇)လက်မခန့်ရှိ သံပုဆိန်အားယူ၍ ဦးရဲမြင့်၏ မျက်နှာအား ထုရိုက်ခဲ့ရာ ဦးရဲမြင့်တွင် ဝဲမျက်ခုံး ဒေါင့် စွန်း (၁)လက်မ ခန့်ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ပခုက္ကူ ဆေးရုံကြီးသို့ ပို့အပ် ခဲ့ရာ ရရှိသော ဒဏ်ရာများဖြင့်သေဆုံးသွား ကြောင်းသိရသည်။
မောင်ညီညာ(မြေလတ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး သံပုဆိန်ဖြင့်ထုရိုက်သဖြင့် တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:28
Rating: