ရေးဘူတာမှ ထားဝယ်ဘူတာသို့ မောင်းနှင်လာသော အမှတ်(၁၇၅) အဆန် လူစီးရထား လမ်းချော်မှုဖြစ်ပွား


မော်လမြိုင် နိုဝင်ဘာ ၁၅

ရေးဘူတာမှ ထားဝယ်ဘူတာ သို့ မောင်းနှင်လာသော အမှတ်(၁၇၅)အဆန် ရေး-ထားဝယ် အမြန်လူစီး ရထားမှာ နိုဝင်ဘာ ၁၅ ရက်က လမ်းချော်မှု ဖြစ်ပွားခဲ့သည့်အတွက် ထပ်မံဖြစ်ပွားမှု မရှိစေရေးအတွက် စုံစမ်းဖော်ထုတ်ကာ ပြည်သူများ ဘေးကင်းစွာ သွားလာနိုင်ရေး ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ရေးဘူတာမှ စက်ခေါင်းမောင်း ဦးတင့်လွင်နှင့် ရထားထိန်း ဦးတင် ထွဋ်တို့ လိုက်ပါတာဝန်ထမ်းဆောင် လာသည့် အဆိုပါ အမြန်လူစီးရထား သည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က ရေဖြူမြို့နယ် ပေါက်ပင်ကွင်းဘူတာနှင့် နတ်စင် ကြီး ဘူတာအကြား ရထားလမ်း မိုင်တိုင်အမှတ် ၂၈၅/၁၅ မှ ၁၆ အကြားတွင် ရထားထိန်းဘရိတ်တွဲ သည် ဘီးအမှတ်(၃-၄) သံလမ်း အတွင်းသို့ ကပ်လျက်ကျသွားခဲ့ပြီး ဘီးအမှတ်(၅-၆)မှာ သံလမ်းအပြင် သို့ ကျသွားခဲ့ခြင်းဖြစ်သည်။

ရေး-ထားဝယ် ရထားလမ်းတွင် ယခုကဲ့သို့ ရထားဘီးချော်မှုဖြစ်ပွား ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လည်း ပထမအကြိမ် ဖြစ်ပွားခဲ့သေး ကြောင်း သိရသည်။

ရထားလမ်းချော်သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ပွားသော် လည်း မီးရထားနှင့်လမ်းများ အနည်း ငယ်ပျက်စီးခဲ့သဖြင့် မီးရထား ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြုပြင်ခဲ့ကြပြီး ဖြစ်ပွားရာ နေရာမှ ၄ နာရီခွဲခန့် နောက်ကျကာ မြိတ်သို့ ဆက်လက်ထွက်ခွာလာရာ ည ၁၂ နာရီ မိနစ် ၂ဝ တွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ရထားလမ်း လမ်း ချော်မှုမျိုးသည် ရထားချွတ်ယွင်းခြင်း၊ သံလမ်းချွတ်ယွင်းခြင်းနှင့် တန်ပို သယ်ဆောင်မှုများကြောင့် ဖြစ်ပွား လေ့ရှိသဖြင့် ယခု လမ်းချော်မှုမှာ မည်သည့်အကြောင်းကြောင့် ဖြစ် သည်ကို စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေးဘူတာမှ ထားဝယ်ဘူတာသို့ မောင်းနှင်လာသော အမှတ်(၁၇၅) အဆန် လူစီးရထား လမ်းချော်မှုဖြစ်ပွား  ရေးဘူတာမှ ထားဝယ်ဘူတာသို့ မောင်းနှင်လာသော အမှတ်(၁၇၅) အဆန် လူစီးရထား လမ်းချော်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.