ခရီးသည်တင်ယာဉ်နောက်ဘီးဖြင့် ကြိတ်မိ၍ အမျိုးသမီး တစ်ဦးသေဆုံး


 ပွင့်ဖြူ နိုဝင်ဘာ ၃

 မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စလင်း-ပွင့်ဖြူ သွား ကားလမ်း မိုင်တိုင် အမှတ် ၂၂/၇ နှင့် ၂၃/ဝ အကြားတွင် ၂.၁၁.၂၀၁၅ ရက်နေ့ နံက် (၉) နာရီ အချိန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ပွင့်ဖြူ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အားစစ်ဆေးခဲ့ရာ စလင်းမြို့မှ မင်းဘူးမြို့ဘက်သို့ ချောက်မြို့၊ မြေနီ ကုန်းရပ်နေ စိုးမိုးထွန်း (၄၂)နှစ်မောင်းနှင်သော 2B/xxx ၊ ဖြူ/နီကြားရောင် မစ်ဆူဘီရှီအမျိုးအစား ''အောင်စစ်နိုင် ' ခရီးသည်တင် မှန်လုံယာဉ်သည် ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ချယ်ရီလမ်းထောင့်တွင် မော်တော် ယာဉ် အားရပ်၍ ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သူ ပွင့်ဖြူမြို့နယ်၊ မကျီးကုန်းကျေးရွာနေ မစိုးစိုးအေး (၃၈)နှစ်အား ဆင်းစေပြီး မော်တော် ယာဉ်အား မောင်းနှင် ထွက်ခွာစဉ် မစိုးစိုးအေးသည် မော်တော် ယာဉ်၏ နောက် မှမောင်းနှင် လာသော ဆိုင်ကယ်အားတိမ်းရှောင်ရာမှ ခြေချော်လဲပြီး ယာဉ်၏ ယာဘက် နောက်ဘီးဖြင့် ဦးခေါင်းအား ကြိတ်မိ၍ ဦးခေါင်းပြားကာ ဦးနှောက်များထွက်၊ ယာလက်ခုံ ပွန်းပဲ့ ဒဏ်ရာများ ရရှိပြီး နေရာတွင်သေဆုံး သွားကြောင်း သိရှိရသဖြင့် ယာဉ်အား မဆင်မခြင် မောင်းနှင်သူ စိုးမိုးထွန်းအား ပွင့်ဖြူမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၅၃/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

မောင်ညီညာ(မြေလတ်)

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ခရီးသည်တင်ယာဉ်နောက်ဘီးဖြင့် ကြိတ်မိ၍ အမျိုးသမီး တစ်ဦးသေဆုံး  ခရီးသည်တင်ယာဉ်နောက်ဘီးဖြင့် ကြိတ်မိ၍ အမျိုးသမီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.