ကန်စစ်လေယာဉ် တောင်တရုတ် ပင်လယ်ပေါ် ပျံသန်း

အမေရိကန် စစ်လေယာဉ်တွေကို တောင်တရုတ်ပင်လယ်ပြင်ပေါ် ပျံသန်းခဲ့တယ်လို့ဆို (Credit: Getty Images) 
အမေရိကန်နိုင်ငံက ​B-52 ​စစ်လေယာဉ် ​နှစ်စင်းဟာ ​တောင်တရုတ်ပင်လယ်ပြင်မှာ ​တရုတ်နိုင်ငံက ​တည်ဆောက်နေတဲ့ ​ကျွန်တု ​တစ်ခုနားအထိ ​ပျံသန်းခဲ့တာကို ​မြေပြင်က ​တရုတ်လေယာဉ် ​ထိန်းချုပ်ရေး ​ဌာနက ​သိရှိပြီး ​ဆက်သွယ်မှု ​လုပ်ခဲ့ပါတယ်။

နိုင်ငံတကာ ​ပိုင်နက်မှာ ​ပျံသန်းတာ ​ဖြစ်လို့ ​တရုတ်ထိန်းချုပ်ရေး ​ဌာနက ​ဆက်သွယ်မှု ​လုပ်ခဲ့ပေမယ့် ​ဆက်လက်ပျံသန်းခဲ့တယ်လို့ ​Pentagon ​စစ်ဌာနချုပ်ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​Peter ​Cook ​က ​ပြောပါတယ်။

နိုဝင်ဘာလ ​၈ ​ရက်နဲ့ ​၉ ​ရက်နေ့ညတုန်းက ​Spratly ​ကျွန်းအနားမှာ ​ပျံသန်းခဲ့တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​ဖိလစ်ပိုင်နိုင်ငံမှာ ​ကျင်းပမယ့် ​APEC ​ညီလာခံကို ​မသွားရောက်ခင်မှာ ​အမေရိကန် ​လေတပ်က ​အခုလို ​ပျံသန်းတာလည်း ​ဖြစ်ပါတယ်။

APEC ​အစည်းအဝေးမှာ ​နိုင်ငံတကာ ​ရေပိုင်နက်နဲ့ ​ဝေဟင်ပိုင်နက်မှာ ​အမေရိကန်က ​လွှတ်လပ်စွာ ​သွားရောက်ခွင့် ​ရှိကြောင်း ​ဆွေးနွေးနိုင်တယ်လို့ ​ပြောဆိုကြပေမယ့် ​အိမ်ဖြူတော်ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​Josh ​Earnest ​ကတော့ ​အဲဒီအကြောင်းကို ​ကမ္ဘာ့ခေါင်းဆောင်တွေ ​ဆွေးနွေးကြမလားဆိုတာ ​မသေချာဘူးလို့ ​ပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ​ပိုင်ဆိုင်မှု ​အငြင်းပွားနေကြတဲ့ ​နေရာမှာ ​တရုတ်က ​ကျွန်းအတုတည်ဆောက်နေတာကို ​ဆန့်ကျင်တဲ့အနေနဲ့ ​အမေရိကန်က ​မကြာသေးခင်တုန်းကပဲ ​ကျွန်းတုအနားမှာ ​စစ်သင်္ဘော ​ဖြတ်မောင်းသွားတာမျိုး ​လုပ်ခဲ့ပါတယ်။

အဲဒီလို ​လုပ်ဆောင်မှုကို ​တရုတ်က ​ကန့်ကွက်လိုက်ပြီး ​အမေရိကန် ​သံအမတ်ကို ​ဆင့်ခေါ်တဲ့အထိ ​တင်းမာမှုတွေ ​ဖြစ်ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်စစ်လေယာဉ် တောင်တရုတ် ပင်လယ်ပေါ် ပျံသန်း ကန်စစ်လေယာဉ် တောင်တရုတ် ပင်လယ်ပေါ် ပျံသန်း Reviewed by THITHTOOLWIN on 11:15 Rating: 5
Powered by Blogger.