နိုင်ငံခြားသားတစ်ဦး မောင်းနှင်လာသောကား နောက်မှဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး


 ချောက် နိုဝင်ဘာ ၂၉

 မကွေးခရိုင် ချောက်မြို့နယ် ဂွေးပင်ရွာအနီး ရေနံချောင်း-ကျောက်ပန်းတောင်း ကားလမ်းတွင် နိုဝင်ဘာ ၂၉ ရက် နံနက် ၆ နာရီခွဲက နိုင်ငံခြားသားတစ်ဦး မောင်းနှင်လာ သောကား နောက်မှဝင်တိုက်သဖြင့် အသက်(၂၅ နှစ်)အရွယ် အမျိုးသမီး တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာချောက်မြို့နယ် ဂွေးပင် ကွက်သစ်ကျေးရွာနေ ဒေါ်အေးမြင့် နှင့် သမီးဖြစ်သူ မအိအိမွန် (၂၅ နှစ်) တို့နှစ်ဦးသည် ရေစည်လှည်းတွန်းရန် ဂွေးပင်ကွက်သစ်ကျေးရွာမှ ရေနံ ချောင်း-ကျောက်ပန်းတောင်း ကား လမ်းအတိုင်း တောင်မှမြောက်သို့ ကားလမ်းယာဘက်ဘေးမှ သွားစဉ် ယာဉ်တစ်စီးနောက်မှ ဝင်တိုက်သဖြင့် မအိအိမွန်တွင် ဒဏ်ရာများရရှိ၍ ချောက်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် စဉ် ရရှိသောဒဏ်ရာဖြင့် လမ်း၌ သေဆုံးသွားကြောင်း သိရသည်။

ကားဖြင့်တိုက်၍ ထွက်ပြေးသွား သော ယာဉ်မောင်းကို ရဲတပ်ဖွဲ့ နယ်မြေစခန်းများ၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ဆင်တပ် ကျင်းကျေးရွာလမ်းခွဲအနီး ရေနံ ချောင်း-ကျောက်ပန်းတောင်း ကား လမ်းပေါ်၌ ယာဉ်အမှတ် 5J/---- တိုယိုတာ ယာဉ်နှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ချောက်မြို့နယ် မြို့မရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယာဉ်ဖြင့်တိုက်၍ ထွက်ပြေးသွား သူမှာ ယာဉ်မောင်း မလေးရှားနိုင်ငံ သား Mr. Esoos Mohamed Samehbhai ပတ်စပို့အမှတ် A33118159၊ ဗီဇာအမှတ် B866592၊ အိုရီဆပ်ပြာ ဖြန့်ဖြူးရေးလုပ်ငန်း၊Fire Wall ကုမ္ပဏီ၊ ကျောက်တံတား မြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ ဖြစ်ကြောင်း၊ကုမ္ပဏီကိစ္စဖြင့် နိုဝင်ဘာ ၂၇ ရက်က ရေနံချောင်းမြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ရာ ရေနံချောင်း-ကျောက်ပန်းတောင်း ကားလမ်းပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်သူ အား ဂွေးပင်နယ်မြေစခန်းက အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ ဇေယျတု(မကွေး)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နိုင်ငံခြားသားတစ်ဦး မောင်းနှင်လာသောကား နောက်မှဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး  နိုင်ငံခြားသားတစ်ဦး မောင်းနှင်လာသောကား နောက်မှဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 14:15 Rating: 5
Powered by Blogger.