မဲပုံးတွေကို ဖွင့်ဖေါက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အဏ္ဏဝါဓါတ်ပုံနဲ့ မိတ္တူဆိုင်မှာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပုံးတွေ ဖွင့်ဖောက်နေတာကို တွေ့ရစဉ်။ Photo: Aung Kyaw Moe(NLD)
 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာမဲရုံကနေ သယ်ဆောင်လာတဲ့ မဲပုံးသုံးပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ရုံးအနီးက အဏ္ဏ၀ါဓာတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။

တွေ့ရှိချိန်မှာ မဲပုံး ၃ပုံးထဲက ပြည်သူ့လွှတ်တော်မဲပုံးကို ဖွင့်ထားပြီး မဲစာအိတ်တွေလည်း ပွင့်နေတယ်လို့ သိရပါတယ်။ အဲဒီမဲပုံးတွေထဲမှာပါရှိတဲ့ မဲလက်မှတ်တွေနဲ့ ပတ်သက်ပြီး မြို့နယ်ကော်မရှင်နဲ့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူကူးတဲ့ဆိုင်တစ်ဆိုင်မှာ ကြိုတင်မဲလို့ ယူဆရတဲ့ မဲလက်မှတ်တွေကို ကော်နဲ့ကပ်နေတဲ့ ဗီဒီယိုဖိုင်ကို အာအက်ဖ်အေ က ကြည့်ရှုရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
မဲပုံးတွေကို ဖွင့်ဖေါက်   မဲပုံးတွေကို ဖွင့်ဖေါက် Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.