ဒေါ်လာ ၂၂ ပြား အလွဲသုံးစား လုပ်ခဲ့သူကို ထောင် ၁ နှစ်ချ

သားခြားဖို့အတွက် ဆေးခန်းကို ရောက်ခဲ့တဲ့ အမျိုးသမီး (Credit: Reuters)
တန်ဖိုးအားဖြင့် ​တစ်ဒေါ်လာတောင် ​မရှိတဲ့ ​ပြည်သူပိုင်ငွေ ​၂၂ ​ပြားကို ​အလွဲသုံးစား ​လုပ်ခဲ့တဲ့ ​ကျန်းမာရေး ​လုပ်သား ​နှစ်ယောက်ကို ​အိန္ဒိယ ​တရားရုံးက ​ထောင်ဒဏ် ​တစ်နှစ် ​ချမှတ်လိုက်ပါတယ်။

ကျန်းမာရေး ​လုပ်သား ​နှစ်ယောက်ဟာ ​အိန္ဒိယငွေ ​၁၁ ​ယူပီ ​ဒါမှမဟုတ် ​ဒေါ်လာ ​၂၂ ​စင့်နဲ့ ​ညီမျှတဲ့ ​ငွေကို ​လွန်ခဲ့တဲ့ ​၂၅ ​နှစ်က ​အလွဲသုံးစား ​လုပ်ခဲ့တာလို့ ​တရားခံရဲ့ ​ရှေ့နေက ​ပြောပါတယ်။

၁၉၈၉ ​ခုနှစ်တုန်းက ​သားခြားဌာနမှာ ​အလုပ်လုပ်တဲ့ ​သူနာပြုနဲ့ ​ကျန်းမာရေး ​လုပ်သားတစ်ယောက်ဟာ ​ဝင်ငွေ ​ပိုရအောင် ​အဖိုးအခ ​ပိုတောင်းမိခဲ့တာလို့ ​သိရပါတယ်။

လူဦးရေ ​တိုးပွားမှုနှုန်းကို ​အစိုးရက ​လျှော့ချလိုတဲ့အတွက် ​သားခြားတဲ့ ​လူတွေကို ​အစိုးရက ​မက်လုံးတွေ ​ပေးပြီး ​သားခြားမှု ​လုပ်ခိုင်းတဲ့ ​ကာလ ​ဖြစ်ပါတယ်။

သားခြားတဲ့ ​လူတွေကို ​အစိုးရက ​၁၈၁ ​ရူပီ ​ပေးချိန်မှာ ​အဲဒီ ​ကျန်းမာရေး ​လုပ်သားတွေက ​၁၈၀ ​ပဲပေးပြီး ​တစ် ​ရူပီကို ​အိတ်ထဲ ​ထည့်ခဲ့ပြီး ​စုစုပေါင်း ​၁၁ ​ယူပြီ ​ရရှိခဲ့ကြတာပါ။

တရားခံတွေရဲ့ ​ရှေ့နေကတော့ ​တချို့လူတွေက ​ပြည်သူပိုင်ငွေ ​သန်းနဲ့ချီကို ​အလွဲသုံးစား ​လုပ်ပေမယ့် ​ဘာအပြစ်မှ ​မပေးပဲ ​တစ်ဒေါ်လာတောင် ​မရှိတဲ့ ​ငွေကို ​အလွဲသုံးစားမှု ​လုပ်တဲ့လူတွေကို ​ထောင် ​တစ်နှစ် ​ချမှတ်တာ ​လွန်လွန်းတဲ့အတွက် ​ဆုံးဖြတ်ချက်ကို ​အယူခံဝင်မယ်လို့ ​ပြောလိုက်ပါတယ်။

ကျန်းမာရေး ​လုပ်သားတွေဟာလည်း ​ဒီအမှုမှာ ​သက်သာရအောင် ​ရူပီ ​သုံးသိန်း ​အကုန်ခံပြီး ​ခုခံကာကွယ်မှု ​လုပ်နေရတယ်လို့ ​ရှင်းပြခဲ့ပါတယ်။

တရားသူကြီးကတော့ ​ထောင်ဒဏ် ​၁၀ ​နှစ် ​ချမှတ်နိုင်ပေမယ့် ​သနားညာတာလို့ ​ထောင်ဒဏ် ​တစ်နှစ်ပဲ ​ချမှတ်တာလို့ ​တုန့်ပြန်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-11-27/1519326
ဒေါ်လာ ၂၂ ပြား အလွဲသုံးစား လုပ်ခဲ့သူကို ထောင် ၁ နှစ်ချ   ဒေါ်လာ ၂၂ ပြား အလွဲသုံးစား လုပ်ခဲ့သူကို ထောင် ၁ နှစ်ချ Reviewed by THITHTOOLWIN on 11:18 Rating: 5
Powered by Blogger.