ကြည့်မြင့်တိုင် ထီးတန်းအိမ်ရာတိုက်ခန်းအတွင်း မီးလောင်


  ရန်ကုန် နိုဝင်ဘာ ၅

 နိုဝင်ဘာ ၅ရက် နံနက်၁ဝ နာရီခွဲခန့်က ကြည့်မြင်တိုင်မြို့နယ် ဈေးကလေးရပ်ကွက် ကမ်းနားလမ်း ထီးတန်း အိမ်ရာ တိုက်အမှတ် (၆၆/၇၂) အခန်းအမှတ် ဝဝ၆ /ြ(ဟောင်ကောင်တိုက်ခန်း) အတွင်း မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မီးလောင်ခဲ့သောအခန်းမှာ အိမ်ရှင်ထံမှ ဒေါ်ဝါဝါအေး ငှားရမ်းထားပြီး ထီးတန်းဈေးအတွင်း အရောင်းအဝယ် ပြုလုပ်သူများ၊ ဝန်ထမ်းအချို့ စုပေါင်းနေထိုင်သောအခန်းဖြစ်သည်။

မီးလောင်ရခြင်းအကြောင်းမှာ ဒေါ်ဝါဝါ၏ညီမ ဒေါ်ခင်မျိုးသစ် (၃၄ နှစ်)သည် လျှပ်စစ်ထမင်းပေါင်းအိုးဖြင့် ထမင်းအိုးတည်ခဲ့ပြီး အပြင်သို့ထွက်သွားခဲ့ရာ လျှပ်စစ်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ရေးယာဉ် ၁၄ စီး၊ ရေသယ်ယာဉ်နှစ်စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီးနှင့် ရပ်ကွက်ပြည်သူများ၏ စုပေါင်းငြှိမ်းသတ်ပေးမှုကြောင့် နံနက် ၁ဝ နာရီ ၄၅ မိနစ် တွင် မီးလောင်အားကို ထိန်းပေးနိုင်ခဲ့ပြီး နံနက် ၁ဝ နာရီ မိနစ် ၅ဝတွင် မီးငြိမ်းသွားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ခင်မျိုးသစ်(၃၄ နှစ်)ကို ကြည့်မြင်တိုင်မြို့မရဲတပ်ဖွဲ့စခန်းက အရေးယူထားကြောင်း သိရသည်။

 တင်ဝင်းလေး(ကြည့်မြင်တိုင်)၊ ဓာတ်ပုံ-ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကြည့်မြင့်တိုင် ထီးတန်းအိမ်ရာတိုက်ခန်းအတွင်း မီးလောင်   ကြည့်မြင့်တိုင် ထီးတန်းအိမ်ရာတိုက်ခန်းအတွင်း မီးလောင် Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.