ပါရီမြို့ ဘောလုံးကွင်းအနီးတွင် တိုက်ခိုက်မှုများဖြစ်ပွား၊ သေဆုံးသူများပြားနိုင်


 ပါရီ နိုဝင်ဘာ ၁၈

 ရဲတပ်ဖွဲ့နှင့် အမည်မသိသံသယရှိသူ များကြား လက်နက်ကိုင်တိုက်ခိုက်မှုများ နိုဝင်ဘာ ၁၈ ရက်က ပါရီမြို့၏ဆင်ခြေဖုံး တစ်ခု၌ မနက်ကတည်းက ညနေအထိ ဆက်လက်ဖြစ်ပွားနေကြောင်း၊ သေဆုံးသူ အရေအတွက်ကို အတိအကျမသိရသေး ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၌ ဖော်ပြထားသည်။
ပစ်ခတ်မှုများသည် ပါရီမြောက်ဘက် စိန့်ဒန်းနစ်ဆင်ခြေဖုံး၌ နံနက် ၄ နာရီ က ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဒေသသည် သောကြာနေ့ ပါရီတိုက်ခိုက်မှုဖြစ်ပွားခဲ့ သော ဘောလုံးကွင်းအနီးတွင်ဖြစ်ကြောင်းသိရသည်။
ပြင်သစ်အာဏာပိုင်များသည် ပါရီ တိုက်ခိုက်မှုသံသယရှိသူများကို ဖော်ထုတ် နိုင်ရန် အပြင်းအထန်ကြိုးစားနေကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မော်ရိုကို မျိုးနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသား တစ်ဦးဖြစ်သူ အက်ဘ်ဘယ်ဒယ်ဟာမစ်ဒ် အဘော့ဒ်ကို ပါရီတိုက်ခိုက်မှုသံသယရှိသူအဖြစ် ယင်း တိုက်ခန်းကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း တရားဥပဒေစိုးမိုးရေး သတင်းရပ်ကွက်က ပြောကြားမှုကို အေအက်ဖ်ပီသတင်းဌာန က ကိုးကားဖော်ပြခဲ့သည်။ ၄င်းသည် အိုင်အက်စ်စစ်သွေးကြွများနှင့် ဆက်သွယ်မှု ရှိနိုင်ပြီး သောကြာနေ့ ပါရီတိုက်ခိုက်မှုတွင် ပါဝင်သူဖြစ်မည်ဟု ရဲတပ်ဖွဲ့ကယုံကြည်ထား သည်။ မြို့လယ်ရှိ အဆောက်အအုံတစ်ခုတွင် ရဲများနှင့်သံသယရှိသူများ ပစ်ခတ်မှုဖြစ်ပွား နေကြောင်း၊ ယင်းနေရာတွင် ဈေးဆိုင်များ အများအပြားရှိကြောင်း သတင်းမီဒီယာများ က ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားနေသော အဆောက်အအုံအနီးရှိ လူတစ်ဦးက မီးရှူး မီးပန်းပစ်ဖောက်သော အသံများကို ကြားနေ ရကြောင်း၊ ထို့နောက်တွင် ပေါက်ကွဲသံ များပါ ဆက်တိုက်ကြားရကြောင်း၊ ထို့အပြင် ရဟတ်ယာဉ်များလည်း ခေါင်မိုး ပေါ်တွင်ဝဲပျံလျက်ရှိကြောင်း ပြောကြား သည်။

(အင်န်အိတ်ခ်ျကေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပါရီမြို့ ဘောလုံးကွင်းအနီးတွင် တိုက်ခိုက်မှုများဖြစ်ပွား၊ သေဆုံးသူများပြားနိုင်   ပါရီမြို့ ဘောလုံးကွင်းအနီးတွင် တိုက်ခိုက်မှုများဖြစ်ပွား၊ သေဆုံးသူများပြားနိုင် Reviewed by THITHTOOLWIN on 09:05 Rating: 5
Powered by Blogger.