တူရကီ နဲ့ ရုရှဆက်ဆံရေး တင်းမာ


 ဆီးရီယားနိုင်ငံတွင်းမှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုရှဗုံးကြဲလေယဉ်တစ်စီးကို တူရကီတိုက်လေယဉ်က ပစ်ချလိုက်ပြီးနောက်ပိုင်း ရုရှသမ္မတ ပူတင်က တူရကီအနေနဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ပေးဆပ်ရမယ်လို့ ပြောလိုက်ပါတယ်။

တူရကီသမ္မတ အာဒိုဂန်က ရုရှလေယဉ်ဟာ တူရကီနိုင်ငံပိုင်နက်ထဲ ၀င်ရောက်ခဲ့တာဖြစ်ပြီး အချုပ်အခြာကို ချိုးဖေါက်တာဖြစ်ကြောင်း ရုရှနဲ့ဆက်ဆံရေး မပျက်လိုကြောင်း ပြောပါတယ်။

ရုရှဗုံးကြဲလေယဉ်မှာပါတဲ့ လေယဉ်မှူး ၂ ဦးမှာ တစ်ဦးက ဆီးရီးယားတပ်တွေက ကယ်တင်လိုက်နိုင်ပြီး နောက်တစ်ဦးက ဆီးရီယားနိုင်ငံနဲ့ တူရကီနယ်စပ်မှာအခြေပြုတဲ့ တာ့ခ်သူပုန်တွေက သတ်လိုက်တယ်လို့ ဆိုပါတယ်။

ရုရှအဆိုအရ သူတို့ဗုံးကြဲလေယဉ်ကို ပစ်ချချိန်က ဆီးရီယားနိုင်ငံပိုင်နက်ထဲမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှဟာ အိုက်အက်စ်အစ္စလမ်အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို ဗုံးကြဲနေတယ်လို့ ပြောပေမယ့် တူရကီနဲ့ ဆီးရီးယားနယ်စပ်မျဉ်းနားမှာ အိုက်အက်စ်အဖွဲ့တွေ မရှိဘဲ ဆီးရီးယားအစိုးရကို တိုက်နေတဲ့ တာ့ခ်သူပုန်တွေသာရှိကြောင်း အဲဒီသူပုန်တွေဟာ တူရကီနိုင်ငံရဲ့ ညီအကိုရင်းတွေဖြစ်ကြောင်းလည်း တူရကီသမ္မတက ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က တူရကီနိုင်ငံမြို့တော် အန်ကာရာက ရုရှားသံရုံးရှေ့မှာ တူရကီနိုင်ငံသားတွေ ဆန္ဒပြကြစဉ် - ဓါတ်ပုံ AFP

RFA Burmese
https://www.facebook.com/RFA-Burmese
တူရကီ နဲ့ ရုရှဆက်ဆံရေး တင်းမာ  တူရကီ နဲ့ ရုရှဆက်ဆံရေး တင်းမာ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.