ဦးအောင်မင်းဝင်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲဝယ်မဲလိမ်မည်ကိုစိုးရိမ်နေကြ

ရှားတောမြို့တွင် ဦးအောင်မင်းနှင့် အဖွဲ့များ ဌားနေသည့် ဖြစ်သည်။ ဓါတ်ပုံ - ဖြိုးဝေအောင်
ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောမြို့နယ်တွင် မည့်ရွေးကောက်ပွဲ မဲလိမ်၊ မဲခိုး၊မဲဝယ် မည်ကို စိုးရိမ်နေကြသည်ဟု တခြားသော နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်လောင်းများက ပြောဆိုနေကြသည်။

“ကျနော် ကတော့ ကျနော်တို့ ပါတီအနေနဲ့ပြောချင်တာတော့။ လွတ်လပ်ပြီးတော့တရားမျှတမှုရှိမယ်ဆိုရင် ကော်မရှင်က ကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် ကျနော်တို့ တိုင်း၇င်းသားပါတီကတော့ ဘယ်လိုဖြစ်ဖြစ် အပြတ်အသတ်နိုင်မယ်လို့ကျနော်ပြောပါတယ်။ ကျနော် အခုမှ ပြောတာမဟုတ်ဘူး။ နကိုယ်ကတည်းက ကျနော် ဒီအတိုင်းပြောလေ့ရှိတဲ့ စကားပဲ။” ဟု ရှားတောမြို့နယ် ပြည်နယ်လွတ်တော်(၁)တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ကိုယ်စားလှယ်လောင်း စိုင်းအုံးမြင့်က ဆိုသည်။

အာဏာရပါတီနှင့် တသီးပုဂ္ဂလဝင်ပြိုင်သည့် ဦးအောင်မင်းတို့သည်လည်းကောင်း ငွေလုံးငွေရင်းဖြင့် မဲဆွယ်ကြခြင်း ၊ တဖက်မှာလည်း ရှားတောမြို့နယ်ရှိ မဲဆန္ဒရှင်များကလည်း ပညာတတ်နည်းပါးပြီး အချို့ ပြည်သူများသည် ဗမာစကားမပြောတတ်ခြင်း၊ နိုင်ငံရေး ဗဟုသုတနည်းခြင်းကြောင်း စိုးရိမ်စရာဖြစ်နေကြခြင်းဖြစ်သည်။

“ရှားတောမြို့နယ် ဒီရွေးကောက်ပွဲမှာ ဒီအတိုင်းပဲပုံမှန်သွားမယ်ဆိုရင် NLD ကနိုင်ပြီးသားပဲ ။ ဆိုလိုတာက မဲလိမ်၊ မဲခိုး၊ မဲဝယ် မရှိဘူးဆိုရင်ပေါ့.။” ဟု NLD ပါတီဝင်တစ်ဦးကဆိုသည်။

ရှားတောမြို့နယ် လက်ရှိမဲဆွယ်ကာလတွင် ကိုယ်စားလှယ်လောင်းအချို့က မဲတစ်မဲကို ငွေကျပ်(၂) သိန်းဖြင့် ၀ယ်မည်ဆိုသည့် သတင်းကလည်း ထွက်ပေါ်နေကြောင်း သိရသည်.။

ရှားတောမြို့နယ်သည် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဆိုပြီး ကျေးရွာအုပ်စုများ ရှိပြီး နောက်ဆုံး မဲဆန္ဒရှင် (၄၂၆၂)ကျော်ရှိကြောင်းသိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲ စာရင်း ဆရာ/မ ဦးရေ ၈၂ ဦးဖြစ်ပြီး ရပ်ကွက်အလိုက်အတွင် ၄၃ ဦး စုစုပေါင်း ၁၂၅ ဦးရှိသည်ဟု သိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes/
ဦးအောင်မင်းဝင်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲဝယ်မဲလိမ်မည်ကိုစိုးရိမ်နေကြ  ဦးအောင်မင်းဝင်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲဝယ်မဲလိမ်မည်ကိုစိုးရိမ်နေကြ Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.