ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်းတွေ့ဆုံ

(၂၀၁၃ခုနှစ်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်းတို့ကို တွေ့ရစဉ်)
 ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ မနက်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော် လွှတ်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌရုံးခန်းမှာ ၂ နာရီလောက်ကြာ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ဆန္ဒအတိုင်း အကောင်အထည်ဖေါ်နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

ခေါင်းဆောင်တွေအားလုံးက တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ထားပြီး ဖြစ်ပြီး လာမယ့်သီတင်းပတ်အတွင်း ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်းတွေ့ဆုံ   ဒေါ်အောင်ဆန်းစုကြည် နဲ့ သူရဦးရွှေမန်းတွေ့ဆုံ Reviewed by THITHTOOLWIN on 12:22 Rating: 5
Powered by Blogger.