မြစ်သာပေါက်တံတား ကွေးညွတ်ကျသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ


 မိုးညို နိုဝင်ဘာ ၂

 ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ထိန်တော-မိုးညို-တာပွန်-နတ်တလင်းလမ်းပေါ်ရှိ တံတား အမှတ်(၁/၄၇) မြစ်သာပေါက်တံတားသည် အောက်တို ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ချောင်းအတွင်း သို့ ကွေးညွှတ်ကျဆင်းသွားခဲ့ရာ ဒေသခံပြည်သူများ သွားလာ ရေး ခက်ခဲနေကြကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် တံတား ချဉ်းကပ်လမ်းမှာ နှစ်ပေခန့်ကျဆင်းသွားခဲ့ပြီး မြေပြိုကျမှု ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ တံတားကမ်းကပ်ခုံ A1 မှာ လေးပေခန့် ကျွံကျပြီး ချောင်းဘက်သို့ ၁၅ပေခန့် ရွေ့သွား သဖြင့် ရေလယ်တိုင် P2 မှာလည်း ၁၅ ပေခန့် တိမ်း စောင်းသွားခဲ့သည့်အတွက် တာဝန်ရှိသူများက တံတား ပေါ်မှ ဖြတ်သန်းသွားလာခွင့်မပြုဘဲ တားမြစ်ခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် တိမ်းစောင်းနေသည့် တံတားရေလယ်တိုင် P2 မှာ လဲကျသွားခဲ့ပြီး သံပေါင်အစွန်းနှစ်ဖက်မှာ ကမ်း ကပ်ခုံပေါ်တွင်ရှိနေသော်လည်း ဘေလီသံပေါင်များမှာ ချောင်းအတွင်းသို့ ကွေးညွှတ်ကျဆင်းသွားခဲ့ခြင်း ဖြစ် သည်။

သြဂုတ်လအတွင်းက မိုးညိုမြို့နယ်၌ ရေကြီးရေလျှံ မှုများကြောင့် အဆိုပါ ဘေလီသံပေါင်တံတား၏ ရေလယ် တိုင်ပြိုကျခဲ့သဖြင့် ပြန်လည်ပြုပြင်မှုများကို တံတားအထူး အဖွဲ့(၁ဝ)က သြဂုတ်လကုန်ပိုင်းမှ စက်တင်ဘာ ၁၁ ရက်အထိ ဆောင်ရွက်ခဲ့ပြီး တံတား သံပေါင်ဖြောင့်ခြင်း၊ ကြမ်းခင်းများပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ အောက်တိုဘာ ၂၃ ရက်တွင် တံတားကို ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရသည်။

မြစ်သာပေါက်တံတားပြုပြင်ချိန်နှင့် တံတားကွေးညွှတ်ကျဆင်းနေချိန် များတွင် မြစ်ကိုဖြတ်ကူးရမည့် ခရီးသွားပြည်သူများနှင့် နိုင်ငံဝန်ထမ်းများ မှာ စက်တပ်ရေယာဉ်ဖြင့် ချောင်းကိုဖြတ်ကူးကြရပြီး ဆိုင်ကယ်တစ်စီးနှင့် လူတစ်ဦးလျှင် အသွားအပြန် ငွေကျပ် ၁၄ဝဝ ဖြင့် ချောင်းကိုဖြတ်ကူးနေ ရကြောင်း ဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးမြင့်ရွှေက ပြောသည်။

မြစ်သာပေါက်ချောင်းသည် မိုးရာသီကာလတွင် ရေစီးသန်သောကြောင့် ပိုမိုခိုင်ခံ့သည့် တံတားဖြစ်စေရန်နှင့် ခရီးသွားပြည်သူများလည်း ငွေကုန် အချိန်ကုန်မဖြစ်ရလေအောင် တံတားကို အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံ ပြည်သူများက ဆန္ဒရှိနေကြကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ခင်လတ်(မိုးညို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြစ်သာပေါက်တံတား ကွေးညွတ်ကျသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ   မြစ်သာပေါက်တံတား ကွေးညွတ်ကျသဖြင့် ဒေသခံများ သွားလာရေးခက်ခဲ Reviewed by THITHTOOLWIN on 08:37 Rating: 5
Powered by Blogger.