လစ်ဗျားနိုင်ငံအနောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲ၊ လူခုနှစ်ဦးသေဆုံး


 ထရီပိုလီ နိုဝင်ဘာ ၂၅

 နိုဝင်ဘာ ၂၄ ရက်က လစ်ဗျားနိုင်ငံ အနောက်ဘက်ရှိ မယ်ဆယ် လက်တာမြို့တွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ လူခုနစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံး ကိုးဦးဒဏ်ရာရရှိခဲ့ ကြောင်း လုံခြုံရေးဆိုင်ရာသတင်းရပ်ကွက်က ဆင်ဟွာ သတင်းဌာနသို့ပြောသည်။ မြို့တော်ထရီပိုလီမှအရှေ့ဘက် ကီလိုမီတာ ၁၃ဝ ဝေးသော မယ်ဆယ်လက်တာမြို့၏ လုံခြုံရေးဂိတ်ကိုပစ်လွှတ်ထားသော ကားဗုံးပေါက်ကွဲမှု သည် ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးဆိုင်ရာသတင်းရင်းမြစ်က ဆိုသည်။

အချို့ဒေသခံများက ဗုံးပေါက်ကွဲသောနေရာတွင် မီးခိုးလုံးများ အလိပ်လိုက်တက်လာသည်ကို မြင်ခဲ့ကြောင်း ပြောသည်။ အဆိုပါကားဗုံးတိုက်ခိုက်မှုသည် မည်သူ၏လက်ချက်ဖြစ်ကြောင်းမသိရသေးပေ။

၂ဝ၁၁ ခုနှစ်တွင် ယခင်လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီကျဆုံးပြီးကတည်းက လစ်ဗျားသည် မင်းမဲ့ အခြေအနေများ၊ လုံခြုံရေးကျိုးပေါက်မှုများကို ခံစားခဲ့ရ သည်။ လစ်ဗျားနိုင်ငံသည် အကြမ်းဖက်မှုများနှင့် အလားတူတိုက်ခိုက်မှုများ ခံစားနေရကြောင်းသိရသည်။

(ဆင်ဟွာ)
https://www.facebook.com/MYANMAALINNNEWS
လစ်ဗျားနိုင်ငံအနောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲ၊ လူခုနှစ်ဦးသေဆုံး   လစ်ဗျားနိုင်ငံအနောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲ၊ လူခုနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 09:10 Rating: 5
Powered by Blogger.