တရုတ်နိုင်ငံ မြေပြိုမှု ၂၁ ဦးသေဆုံး


 တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ပါတယ်။

ရက်ပေါင်းများစွာ အဆက်မပြတ် မိုးရွာသွန်းခဲ့တဲ့အတွက် သောကြာနေ့ည ၁၁ နာရီလောက်မှာ ရုတ်တရက် ရွှံ့မြေနဲ့ ကျောက်တုန်းများ ပါဝင်တဲ့ မြေပြိုကျမှု ဖြစ်ပေါ်ပြီး ဇီဂျီအန် ပြည်နယ် လင်ဒေါင်း ကျေးရွာရှိ အိမ်ခြေ ၃၀ လောက်အပေါ် ဖုံးလွမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ရွာရဲ့ ကျန်တဲ့ဒေသမှာတော့ ရေကြီးမှု ဆက်ဖြစ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပြီး လူ ၁၆ ဦးခန့် ပျောက်ဆုံးနေကြောင်း သတင်းများမှာ ဖော်ပြပါတယ်။

လူတစ်ဦးကို ကယ်ဆယ်ရရှိခဲ့ပြီး အခြေအနေ ကောင်းမွန်စွာ ရှိကြောင်း ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေး ၀န်ထမ်း ၂၀၀၀ ကျော် နဲ့ အနံခံခွေးတွေ၊ စက်ယန္တရားတွေကို သုံးပြီး ဒေသတွင်း မြေပြိုကျရာ နေရာမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။

ဒေသခံ မီဒီယာတွေရဲ့ ဖော်ပြချက်အရ ပျောက်ဆုံးနေသူ အများစုဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး မြေပြိုမှုကြောင့် အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသူတွေကို လျှော်ကြေး ပေးအပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တရုတ်နိုင်ငံ မြေပြိုမှု ၂၁ ဦးသေဆုံး  တရုတ်နိုင်ငံ မြေပြိုမှု ၂၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:06 Rating: 5
Powered by Blogger.