ရန်ကုန်တိုင်း အန်အယ်လ်ဒီ အောင်နိုင်မှု အခြေအနေ


 ရန်ကုန်တိုင်းမှာ အန်အယ်လ်ဒီပါတီအနေနဲ့ အနိုင်ရနေတဲ့ အနေအထားကို ဗဟန်းမြိ့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လောလောဆယ် အနိုင်ရခဲ့တဲ့ ဦးထွန်းမြင့်က အခုလို ပြောပါတယ်။

ရန်ကုန်တိုင်း ၄၅ မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၅ ယောက်ဝင်ပြိုင်ရာမှာ ၄၄ ယောက် အနိုင်ရရှိပါတယ်။ ကိုကိုးကျွန်း မြို့နယ်တမြို့နယ်ထဲ ရှုံးနိမ့်ပါတယ်။

အမျိုးသားလွှတ်တော်က ၁၂ ယောက်ဝင်ပြိုင်တာမှာ ၁၂ ယောက်စလုံးနိုင်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်အတွက် လူ ၉၀ ၀င်ပြိုင်ရာမှာ ၈၇ ဦး အနိုင်ရရှိပါတယ်။ ဆိပ်ကမ်းမြို့နယ်က တိုင်းဒေသကြီးတစ်ဦးပဲ ရှုံးနိမ့်ပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းမှာဆို ပြည်သူ့လွှတ်တော် ၁ ဦး၊ တိုင်းဒေသကြီးလွှတ်တော် ၃ ဦး ရှုံးနိမ့်ပြီး ကျန်တာအကုန် အနိုင်ရရှိပါတယ်။
ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်း အောင်မြင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ အန်အယ်လ်ဒီ အနေနဲ့ တိုင်းဒေသကြီးအစိုးရ ဖွဲ့နိုင်မယ့်အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ရန်ကုန်တိုင်း အန်အယ်လ်ဒီ အောင်နိုင်မှု အခြေအနေ   ရန်ကုန်တိုင်း အန်အယ်လ်ဒီ အောင်နိုင်မှု အခြေအနေ Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.