ရေတွင်းတူးရာတွင် ဓာတ်ငွေ့များပါ ထွက်နေ


 ကျွန်းလှ နိုဝင်ဘာ ၁၂

 စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှ မြို့နယ် သစ်ချိုကျေးရွာအုပ်စု မကျီး ကုန်းကျေးရွာ၌ ရေတွင်းတူးရာမှ အောက်တိုဘာ ၁ဝ ရက်တွင် ဂက်စ် များပါ ထွက်ရှိနေကြောင်း သိရ သည်။

မကျီးကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်း သား ကျောင်းသူများ သောက်သုံးရေ အဆင်ပြေရန် ရေတွင်းတူးရာမှ ရေလျှံတွင်းရရှိပြီးနောက်တွင် ရေ နှင့်အတူ ဓာတ်ငွေ့များပါ ထွက်နေ ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ရွာက နေအိမ်များ မှာ လက်နှိပ်ဘုံဘိုင်ရေတွင်း တူး ကြပါတယ်။ ရွာအလယ်မှာလည်း ရေလျှံတွင်းတစ်တွင်းရှိပြီး ရွာသူ ရွာ သားတွေ သုံးစွဲနေကြတာကြာပါပြီ။ အခု စာသင်ကျောင်းဝင်းထဲမှာ ပေ ၁၂ဝ ကျော် လက်နှိပ်ရေတွင်းတူး ရာမှာ ရေလျှံတွင်းရပြီး သုံးလက်မ ပိုက်အပြည့် ရေထွက်သလို ဓာတ်ငွေ့ တွေပါ ထွက်နေပါတယ်။ ဒီလို ရေ ရော ဓာတ်ငွေ့ရောထွက်တဲ့ ရေတွင်း မျိုး မကြုံဖူးသေးပါဘူး''ဟု မကျီး ကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရေလျှံတွင်းမှ ရေရော ဓာတ်ငွေ့ရော ထွက်နေကြောင်း ဒေသခံရွာသားများပြောပြချက်အရ သွားရောက်ကြည့်ရှုခဲ့ရာ သုံး လက်မပိုက်အပြည့် ရေထွက်နေ ကြောင်းနှင့် ပိုက်အဝကို မီးရှို့ကြည့် ရာတွင် မီးလောင်သွားကြောင်း တွေ့ရသည်။

မျိုးဝင်းညို(ကျွန်းလှ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ရေတွင်းတူးရာတွင် ဓာတ်ငွေ့များပါ ထွက်နေ   ရေတွင်းတူးရာတွင် ဓာတ်ငွေ့များပါ ထွက်နေ Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.