ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးသိန်းစိန် ကာချုပ်တို့နှင့် တစ်ရက်တည်း တွေ့ဆုံမည်


 ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရပြီး နောက်ပိုင်းတွင်
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် သမ္မတဦးသိန်းစိန်၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်ထောင်စု
လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် တွေ့ဆုံခွင့်
တောင်းခံခဲ့ရာ သမ္မတနှင့် ကာချုပ်တို့အနေဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့ (လာမည့်
ဗုဒ္ဓဟူးနေ့)တွင် တွေ့ဆုံသွားနိုင်ရန် တစ်ဖက်မှ အကြောင်းပြန်ထားကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူရဦးရွှေမန်းနှင့် နိုဝင်ဘာလ ၁၉ ရက်က
တွေ့ဆုံခဲ့ပြီး အချက်ငါးချက်ပါ ကြေညာချက်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။ သမ္မတ နှင့်
ကာကွယ်ရေးဦးစီးချုပ်တို့ကမူ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအပြီးတွင် တွေ့ဆုံ
သွားမည်ဟု ပြောကြားခဲ့ပြီး ယခု လက်ခံလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ဒီချုပ်ဥက္ကဋ္ဌ
အနေဖြင့် ဒီဇင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းတွင် သမ္မတနှင့် သမ္မတအိမ်တော်၌
တွေ့ဆုံသွားမည်ဖြစ်ကာ နေ့လယ် ၂ နာရီတွင် ကာကွယ်ရေးဦးစီးချုပ်နှင့်
ကာကွယ်ရေးဦးစီးချုပ်ရုံး အတွင်းရှိ ဧည့်ရိပ်သာတွင်တွေ့ဆုံသွားဖွယ် ရှိနေသည်။
ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တပ်မတော် သတင်းထုတ်ပြန်ရေးမှ
ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရမည့်နေ့ရက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း
ဖြစ်သည်။

ဒီချုပ် ဥက္ကဋ္ဌသည် ရွေးကောက်ပွဲ အောင်နိုင်ပြီး နောက်ပိုင်းတွင် နိုင်ငံ ၄၂ နိုင်ငံမှ
သံအမတ်များနှင့်လည်း တွေ့ဆုံခဲ့ကာ တိုင်းပြည်တိုးတက်ရေး လုပ်ငန်းစဉ်များ
အတွက် တွေ့ဆုံဆွေးနွေးခဲ့သည်။

မင်းဝသ၁န်
The Ladies News Journal
https://www.facebook.com/News.TheLadies
ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးသိန်းစိန် ကာချုပ်တို့နှင့် တစ်ရက်တည်း တွေ့ဆုံမည်   ဒေါ်အောင်ဆန်းစုကြည် သမ္မတဦးသိန်းစိန် ကာချုပ်တို့နှင့် တစ်ရက်တည်း တွေ့ဆုံမည် Reviewed by THITHTOOLWIN on 13:26 Rating: 5
Powered by Blogger.