ပိုးသတ်ဆေးပါးစပ်ဖြင့်စုပ်ယူရာက ပါးစပ်ထဲဝင်၍ သေဆုံး


နေပြည်တော် နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အိုင်မကျီးကျေးရွာသို့ နိုဝင်ဘာ ၂၇ ရက် နံနက် ၇ နာရီခွဲခန့်က ပိုးသတ်ဆေးသောက်မိ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူမှာ အိုင်မကျီးကျေးရွာနေ ဌေးမြင့်အောင်(ခ) ကိုဌေး (၂၆နှစ်) ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်ပွားပုံမှာ ဌေးမြင့်အောင်(ခ)ကိုဌေးနှင့် ဇနီးဖြစ်သူ မသင်း(ခ)သင်းသင်း ဆွေတို့သည် နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီခွဲက အိုင်မကျီးကျေးရွာ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ ခရမ်းချဉ်စိုက်ခင်း၌ ပိုးသတ်ဆေး ဖျန်းစဉ် ဆေးဖျန်းပုံး ဝါရှာမကောင်းသဖြင့် ဌေးမြင့်အောင်(ခ)ကိုဌေးက ပါးစပ်ဖြင့်စုပ်ယူရာက ပိုးသတ်ဆေးများ ပါးစပ်ထဲဝင်သွား၍ မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ကိုရဲ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ပိုးသတ်ဆေးပါးစပ်ဖြင့်စုပ်ယူရာက ပါးစပ်ထဲဝင်၍ သေဆုံး  ပိုးသတ်ဆေးပါးစပ်ဖြင့်စုပ်ယူရာက ပါးစပ်ထဲဝင်၍ သေဆုံး Reviewed by THITHTOOLWIN on 12:21 Rating: 5
Powered by Blogger.