သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်ဆွဲလျက်ရှိဟု ဆို


NLD ပါတီက နိုင်ငံနှင့်အ၀ှမ်း ရွေးကောက်ပွဲ အနိုင်ရ သည့်နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံအနာဂတ်အရေး တွေ့ဆုံဆွေးနွေးမည့် ကိစ္စကို သမ္မတဦးသိန်းစိန်က ရေရာမှုမရှိ အချိန်ဆွဲလျက် ရှိသည်ဟု သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲ ရလဒ်များနှင့် ပတ်သက်သည့် တိုင်ကြားမှုများ မဖြေရှင်းရသေးမီ အထိ NLD ခေါင်းဆောင်နှင့် တွေ့ဆုံပြောဆိုမှုများ ရှိဦးမည်မဟုတ်ဟု သမ္မတ၏ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုလျက်ရှိသည်။

ယင်းလုပ်ငန်းစဉ်က လအနည်းငယ် ကြာမြင့်ဖွယ်ရှိပြီး ဇန်န၀ါရီလနှောင်းပိုင်း လွှတ်တော်အသစ် ခင်းကျင်းပြီးနောက် ဖေဖော်ဝါရီလ သမ္မတသစ် ရွေးခြယ်ချိန် ကြားကာလကျော်သည်အထိ ဖြစ်ဖွယ်ရှိ သည်။

UEC စည်းမျှဉ်းများအရ ကိုယ်စားလှယ်လောင်းများသည် တရားဝင် ရလဒ်များ ကြေငြာပြီးနောက် ၄၅ ရက် အထိ UEC ထံ တိုင်ကြားမှု များ ပြုလုပ်နိုင်သေးသည်။ တိုင်ကြားမှုတိုင်းကို UEC က ဖွဲ့စည်းပေး မည့် ရွေးကောက်ပွဲ ခုံရုံးတစ်ခုက စုံစမ်းမှုများ ပြုလုပ်မည်ဖြစ်ပြီး ထို့နောက် လူထုကြားနာမှု ပြုလုပ်မည်ဖြစ်သည်။ ယင်းသို့ တိုင်ကြားချက်များကို မည်မျှကြာအောင် လုပ်ဆောင်မည်မှာ အချိန်ကန့်သတ်ချက် မရှိဘဲ ရွေးကောက်ပွဲ ကျွမ်းကျင်သူများ အဆိုအရ တိုင်ကြားချက်များ အားလုံးကို စည်းမျှဉ်းများနှင့်အညီ ဖြေရှင်းရန် လချီကြာမြင့်နိုင်သည်ဟု ဆိုပါသည်။

တွေ့ဆုံပွဲများအတွက် အချိန်ဆွဲပြီး မရှင်းလင်းသေးသည့် ရက်တစ်ခု သတ်မှတ်ရန် ဆုံးဖြတ်ချက်သည် ကြားကာလ ချောမွေ့ရေး ကတိများ မည်မျှစစ်မှန်သည်ဆိုသည့်အပေါ် ပူပန်မှုများ မြင့်မားစေ လိမ့်မည်။

နိုင်ငံတကာမှာ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကလည်း အချိန်ဆွဲနေကြောင်း သိသာသည့်အပေါ် မိမိတို့ စိုးရိမ်ကြောင်း၊ ယင်းအတွက် ဖြေရှင်းချက်တစ်ခု သိလိုကြောင်း ပြောဆိုမှုများ ရှိနေသည်။

မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies
သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်ဆွဲလျက်ရှိဟု ဆို  သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် အချိန်ဆွဲလျက်ရှိဟု ဆို Reviewed by THITHTOOLWIN on 11:57 Rating: 5
Powered by Blogger.