ရုရှား သမ္မတ ဘလာဒီမီယာ ပူတင် (Credit: Reuters) |
အဲဒီအသံဖိုင်ထဲမှာ This is Turkish Air Force speaking on guard. You are approaching Turkish airspace. Change your heading south immediately. ဆိုပြီး အင်္ဂလိပ် ဘာသာနဲ့ သတိပေးတဲ့ အသံဖိုင်တွေ ပါဝင်ပါတယ်။
အဓိပ္ပာယ်ကတော့ အခု စကားပြောနေတာ တူရကီ လေတပ်ကဖြစ်ကြောင်း၊ ရုရှား စစ်လေယာဉ်က တူရကီ ဝေဟင်ပိုက်နက်ထဲ ဝင်ရောက်လာနေတဲ့အကြောင်း၊ လေယာဉ်ကို တောင်ဘက်ပိုင်းကို အခုချက်ခြင်း ပြန်ဦးတည်ဖို့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တူရကီက ၅ မိနစ်အတွင်း သတိပေးချက် ၁၀ ခါ လုပ်ခဲ့တယ်လို့လည်း ပြောဆိုထားပါတယ်။
ပစ်ချခံရတဲ့ ရုရှား လေယာဉ်ပေါ် လိုက်ပါသွားတဲ့ ရုရှား လေယာဉ်မှူးကတော့ တူရကီဘက်က ဘာသတိပေးချက်မှ ပြောဆိုတာ မရှိဘူးလို့ ပြောဆိုပြီးနောက် တူရကီက အခုလို အသံဖိုင်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲဒီ လေယာဉ်မှူးရဲ့ အဆိုအရ တူရကီဘက်က ဘာသတိပေးချက်မှ မလုပ်တဲ့အကြောင်း ရေဒီယို အသံသာမက မြင်သာအောင် သတိပေးတာမျိုး မလုပ်ဘူးလို့လည်း ပြောပါတယ်။ အဲဒီလို သတိပေးချက်တွေ မရှိလို့ပဲ လုပ်နေတဲ့ အလုပ်ကို ဆက်လုပ်ခဲ့ကြချိန်မှာပဲ ဒုံးကျဉ်က လေယာဉ် အမြီးပိုင်းကို ထိမှန်ခဲ့တာလို့ ပြောပါတယ်။
တကယ်လို့ သတိပေးချင်တယ်ဆိုရင် တူရကီဘက်က လေယာဉ်ကို စေလွှတ်ပြီး မြင်သာအောင် သတိပေးနိုင်တယ်လို့လည်း အသက်ရှင် ကျန်ရစ်တဲ့ ရုရှား စစ်လေယာဉ်မှူးက ပြောပါတယ်။
တူရကီရဲ့ လုပ်ရပ်ဟာ ရုရှားကို ရန်စတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့လည်း ရုရှား အစိုးရက ပြောပါတယ်။
တူရကီကတော့ အကြောင်းစုံကို ရှင်းပြဖို့အတွက် ရုရှား စစ်သံမှူးကို တူရကီ စစ်ဌာနာချုပ်ကို အလည်လာဖို့ ဖိတ်ခေါ်ထားတဲ့အကြောင်း၊ လေယာဉ်ပေါ်ကနေ ခုန်ချခဲ့တဲ့ ရုရှား လေယာဉ်မှူးတွေကို အသက်ရှင်လျက် ကယ်တင်နိုင်အောင် တူရကီ စစ်တပ်က အစွမ်းကုန် ကြိုးစား လုပ်ကိုင်ခဲ့တဲ့အကြောင်း ပြောဆိုလိုက်သလို ရုရှားနဲ့ ပူးပေါင်းဖို့ အသင့်ရှိတယ်လို့လည်း ပြောလိုက်ပါတယ်။
ရုရှားက တူရကီ နယ်စပ်နားအထိ ဆီးရီးယားနိုင်ငံကို ဒုံးကျဉ်စနစ်တွေ ပို့ဆောင်ထားပြီး တူရကီ ဝေဟင်ပိုက်နက် အနားမှာ စစ်ဆင်ရေးတွေ ဆက်လက်လုပ်သွားဦးမယ်လို့ ပြောလိုက်ပါတယ်။
ဒါ့အပြင် လေယာဉ် ပျက်ကျသွားတဲ့ ဆီးရီးယား နိုင်ငံက သူပုန်တွေ ရှိရာကိုလည်း ရုရှားက တိုက်ခိုက်မှု အရှိန် တိုးမြင့်လိုက်ပါတယ်။
အဲဒီဒေသမှာ လှုပ်ရှားတဲ့ သူပုန်အဖွဲ့ကတော့ လေထီးပေါ်က ရုရှား လေယာဉ်မှူးတစ်ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရုရှားစစ်လေယာဉ်ကို သတိပေးခဲ့တဲ့ အသံဖိုင် တူရကီ ထုတ်ပြန်
Reviewed by THITHTOOLWIN
on
20:01
Rating: