ရုရှားစစ်လေယာဉ်ကို သတိပေးခဲ့တဲ့ အသံဖိုင် တူရကီ ထုတ်ပြန်

ရုရှား သမ္မတ ဘလာဒီမီယာ ပူတင် (Credit: Reuters)
ရုရှား ​စစ်လေယာဉ်ကို ​မပစ်ချခင်မှာ ​သတိပေးချက်တွေ ​လုပ်တယ်ဆိုတာကို ​သက်သေပြတဲ့အနေနဲ့ ​တူရကီက ​သတိပေးချက်တွေ ​လုပ်ခဲ့တဲ့ ​အသံဖိုင်တွေကို ​ထုတ်ပြန်လိုက်ပါတယ်။

အဲဒီအသံဖိုင်ထဲမှာ ​This ​is ​Turkish ​Air ​Force ​speaking ​on ​guard.  ​You ​are ​approaching ​Turkish ​airspace. ​Change ​your ​heading ​south ​immediately. ​ဆိုပြီး ​အင်္ဂလိပ် ​ဘာသာနဲ့ ​သတိပေးတဲ့ ​အသံဖိုင်တွေ ​ပါဝင်ပါတယ်။

အဓိပ္ပာယ်ကတော့ ​အခု ​စကားပြောနေတာ ​တူရကီ ​လေတပ်ကဖြစ်ကြောင်း၊ ​ရုရှား ​စစ်လေယာဉ်က ​တူရကီ ​ဝေဟင်ပိုက်နက်ထဲ ​ဝင်ရောက်လာနေတဲ့အကြောင်း၊ ​လေယာဉ်ကို ​တောင်ဘက်ပိုင်းကို ​အခုချက်ခြင်း ​ပြန်ဦးတည်ဖို့အကြောင်း ​ပြောဆိုခဲ့တာ ​ဖြစ်ပါတယ်။

တူရကီက ​၅ ​မိနစ်အတွင်း ​သတိပေးချက် ​၁၀ ​ခါ ​လုပ်ခဲ့တယ်လို့လည်း ​ပြောဆိုထားပါတယ်။

ပစ်ချခံရတဲ့ ​ရုရှား ​လေယာဉ်ပေါ် ​လိုက်ပါသွားတဲ့ ​ရုရှား ​လေယာဉ်မှူးကတော့ ​တူရကီဘက်က ​ဘာသတိပေးချက်မှ ​ပြောဆိုတာ ​မရှိဘူးလို့ ​ပြောဆိုပြီးနောက် ​တူရကီက ​အခုလို ​အသံဖိုင်ကို ​ထုတ်ပြန်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​လေယာဉ်မှူးရဲ့ ​အဆိုအရ ​တူရကီဘက်က ​ဘာသတိပေးချက်မှ ​မလုပ်တဲ့အကြောင်း ​ရေဒီယို ​အသံသာမက ​မြင်သာအောင် ​သတိပေးတာမျိုး ​မလုပ်ဘူးလို့လည်း ​ပြောပါတယ်။ ​အဲဒီလို ​သတိပေးချက်တွေ ​မရှိလို့ပဲ ​လုပ်နေတဲ့ ​အလုပ်ကို ​ဆက်လုပ်ခဲ့ကြချိန်မှာပဲ ​ဒုံးကျဉ်က ​လေယာဉ် ​အမြီးပိုင်းကို ​ထိမှန်ခဲ့တာလို့ ​ပြောပါတယ်။

တကယ်လို့ ​သတိပေးချင်တယ်ဆိုရင် ​တူရကီဘက်က ​လေယာဉ်ကို ​စေလွှတ်ပြီး ​မြင်သာအောင် ​သတိပေးနိုင်တယ်လို့လည်း ​အသက်ရှင် ​ကျန်ရစ်တဲ့ ​ရုရှား ​စစ်လေယာဉ်မှူးက ​ပြောပါတယ်။

တူရကီရဲ့ ​လုပ်ရပ်ဟာ ​ရုရှားကို ​ရန်စတဲ့ ​လုပ်ရပ်သာ ​ဖြစ်တယ်လို့လည်း ​ရုရှား ​အစိုးရက ​ပြောပါတယ်။

တူရကီကတော့ ​အကြောင်းစုံကို ​ရှင်းပြဖို့အတွက် ​ရုရှား ​စစ်သံမှူးကို ​တူရကီ ​စစ်ဌာနာချုပ်ကို ​အလည်လာဖို့ ​ဖိတ်ခေါ်ထားတဲ့အကြောင်း၊ ​လေယာဉ်ပေါ်ကနေ ​ခုန်ချခဲ့တဲ့ ​ရုရှား ​လေယာဉ်မှူးတွေကို ​အသက်ရှင်လျက် ​ကယ်တင်နိုင်အောင် ​တူရကီ ​စစ်တပ်က ​အစွမ်းကုန် ​ကြိုးစား ​လုပ်ကိုင်ခဲ့တဲ့အကြောင်း ​ပြောဆိုလိုက်သလို ​ရုရှားနဲ့ ​ပူးပေါင်းဖို့ ​အသင့်ရှိတယ်လို့လည်း ​ပြောလိုက်ပါတယ်။

ရုရှားက ​တူရကီ ​နယ်စပ်နားအထိ ​ဆီးရီးယားနိုင်ငံကို ​ဒုံးကျဉ်စနစ်တွေ ​ပို့ဆောင်ထားပြီး ​တူရကီ ​ဝေဟင်ပိုက်နက် ​အနားမှာ ​စစ်ဆင်ရေးတွေ ​ဆက်လက်လုပ်သွားဦးမယ်လို့ ​ပြောလိုက်ပါတယ်။

ဒါ့အပြင် ​လေယာဉ် ​ပျက်ကျသွားတဲ့ ​ဆီးရီးယား ​နိုင်ငံက ​သူပုန်တွေ ​ရှိရာကိုလည်း ​ရုရှားက ​တိုက်ခိုက်မှု ​အရှိန် ​တိုးမြင့်လိုက်ပါတယ်။

အဲဒီဒေသမှာ ​လှုပ်ရှားတဲ့ ​သူပုန်အဖွဲ့ကတော့ ​လေထီးပေါ်က ​ရုရှား ​လေယာဉ်မှူးတစ်ယောက်ကို ​ပစ်သတ်ခဲ့တယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရုရှားစစ်လေယာဉ်ကို သတိပေးခဲ့တဲ့ အသံဖိုင် တူရကီ ထုတ်ပြန်   ရုရှားစစ်လေယာဉ်ကို သတိပေးခဲ့တဲ့ အသံဖိုင် တူရကီ ထုတ်ပြန် Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.