ဒေါ်စုအောင်နိုင်မှုကို ဘန်ကီမွန်း ဂုဏ်ပြု

ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်း (Credit: AFP) 
ရွေးကောက်ပွဲမှာ ​NLD ​ပါတီ ​အစိုးရ ​ဖွဲ့နိုင်ဖို့ ​ရှိနေတုန်းမှာပဲ ​ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ်က ​ဒေါ်အောင်ဆန်းစုကြည်ကို ​ဂုဏ်ပြုစကား ​ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ​ဂုဏ်ပြုလိုက်သလို ​ပြုပြင်ပြောင်းလဲမှုတွေကို ​လုပ်လာခဲ့တဲ့ ​သမ္မတ ​ဦးသိန်းစိန်ကိုလည်း ​ဘန်ကီမွန်းက ​ချီးကျူးလိုက်ပါတယ်။

ရွေးကောက်ပွဲ ​ကျင်းပခဲ့တဲ့အပေါ် ​ချီးကျူးလိုက်ပေမယ့်လည်း ​ဒီရွေးကောက်ပွဲမှာ ​ရိုဟင်ဂျာတွေ ​မဲပေးခွင့်မရတာတွေ၊ ​အမတ်လောင်း ​တချို့ ​ယှဉ်ပြိုင်ခွင့် ​မရတာတွေကတော့ ​စိတ်မကောင်းစရာ ​ဖြစ်တယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

ဒီမိုကရေစီ ​လမ်းကြောင်းမှာ ​ရှေ့ဆက်ပြီး ​လုပ်ဆောင်စရာ၊ ​ကျော်လွှားစရာတွေ ​အများကြီး ​ရှိနေသေးတယ်လို့လည်း ​ဘန်ကီမွန်းက ​ပြောပါတယ်။

အခုလောလောဆယ် ​ရွေးကောက်ပွဲ ​ရလဒ်ကို ​အသိအမှတ်ပြုကြောင်း ​မြန်မာ ​စစ်တပ်က ​ပြောဆိုတာကိုက ​အရေးကြီးတဲ့ ​ကိစ္စဖြစ်ပြီး ​အစိုးရသစ် ​လက်ထပ်မှာ ​လူ့အခွင့်အရေးတွေ၊ ​တရားဥပဒေ ​စိုးမိုးရေးတွေ ​ရှိဖို့ ​မျှော်လင့်တယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားကလည်း ​ရွေးကောက်ပွဲ ​ကျင်းပတဲ့အပေါ် ​သမ္မတ ​ဦးသိန်းစိန်ကို ​ချီးကျူးလိုက်သလို ​အနိုင်ရသွားတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ​ဂုဏ်ပြုစကား ​ပြောကြားခဲ့ပါတယ်။

အမေရိကန် ​နိုင်ငံခြားရေး ​ပေါ်လစီ ​အကြီးအကဲ ​Ben ​Rhodes ​ကတော့ ​ဒီမိုကရေစီဆီကို ​ပြောင်းလဲနိုင်ဖို့အတွက် ​၂၀၀၈ ​ခု ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြောင်းလဲရမှာ ​ဖြစ်တယ်လို့ ​ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂ ​အတွင်းရေးမှူးနဲ့ ​အမေရိကန် ​သမ္မတတို့က ​ဂုဏ်ပြုခဲ့သလို ​ပြင်သစ်၊ ​သြစတြေးလျနဲ့ ​တခြားနိုင်ငံတွေကလည်း ​သမ္မတဦးသိန်းစိန်နဲ့ ​ဒေါ်အောင်ဆန်းစုကြည်တို့ကို ​ဂုဏ်ပြုခဲ့ကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒေါ်စုအောင်နိုင်မှုကို ဘန်ကီမွန်း ဂုဏ်ပြု  ဒေါ်စုအောင်နိုင်မှုကို ဘန်ကီမွန်း ဂုဏ်ပြု Reviewed by THITHTOOLWIN on 09:56 Rating: 5
Powered by Blogger.