ပြင်သစ်တွင် အမြန်ရထား လမ်းချော်ပြီး ၁၁ ဦးသေဆုံး



 ပြင်သစ်နိုင်ငံတွင် အရှေ့ပိုင်းရှိ Strasbourg မြို့အနီးမှာ စမ်းသပ်မောင်းနှင်နေတဲ့ အမြန်ရထား တစ်စီး လမ်းချော် တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၁၁ ဦးသေဆုံးခဲ့ကြောင်း SNCF ပြင်သစ် ရထားကုမ္ပဏီက ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့က စမ်းသပ်မောင်းနှင်ခဲ့တဲ့ TGV ပြင်သစ်အမြန်ရထားဟာ အရှိန်လွန် လမ်းချော်ပြီး တူးမြောင်းထဲကို ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်အထိ လူ ၅ ယောက် ပျောက်ဆုံးနေပြီး လူပေါင်း ၃၀ ကျော် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ရထားပေါ်မှာ ကလေးငယ်တွေလည်း ပါရှိပြီး သေဆုံးသူတွေ ထဲမှာ ကလေးတွေ ပါဝင်မှု ရှိ မရှိ ဆိုတာ မသိရှိရသေးဘဲ စက်မှုဆိုင်ရာ ပညာရှင်တွေသာ လိုက်ပါဖို့ကန့်သတ်ထားတဲ့ ရထားပေါ်မှာ ဘယ်က ကလေးတွေနဲ့ ဘာကြောင့် သူတို့ ပါရှိနေတယ်ဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေကြပါတယ်။

ဖြစ်နိုင်တာကတာ့ ရထားဝန်ထမ်းတွေရဲ့ ကလေးတွေ ဖြစ်နိုင်တယ်လို့ SNCF ရထားကုမ္ပဏီက ဆိုပါတယ်။

အဲဒီ ရထားဟာ အရှိန်နဲ့ တနာရီ ၂၁၇ မိုင်နှုန်းနီးပါး မောင်းနှင်ခဲ့တာ ဖြစ်ပြီး ၁၉၈၁ ခုနှစ် TGV ပြင်သစ်အမြန်ရထားတွေ စတင်ပြေးဆွဲခဲ့ကတည်းက ပထမဆုံး လူသေဆုံးခဲ့တဲ့ မတော်တဆမှု ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
ပြင်သစ်တွင် အမြန်ရထား လမ်းချော်ပြီး ၁၁ ဦးသေဆုံး  ပြင်သစ်တွင် အမြန်ရထား လမ်းချော်ပြီး ၁၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 12:14 Rating: 5
Powered by Blogger.