အစိုးရသစ်လက်ထက်တွင် ကျောက်စိမ်းမိုင်းတွင်း လုံခြုံရေးကို တိုးမြှင့်တင်းကျပ်မည်ဟုဆို


 လုံခြုံရေး စည်းမျည်းစည်းကမ်း သတ်မှတ်ချက်အားနည်းမှုကြောင့် ဖားကန့်ကျောက်စိမ်းတွင်း မြေစာပုံပြိုကျပြီး လူ ၂၀၀ ခန့် သေဆုံးမှုဖြစ်ပွားခဲ့ရာ ရွေးကောက်တင်မြှောက်ခံ အစိုးရလက်ထက်ရောက်လျှင် လုံခြုံရေးစံနှုန်းကို တိုးမြှင့် သတ်မှတ်မည်ဟု NLD မှ ပြောရေးဆို ခွင့်ရှိသူ ဦးဥာဏ်ဝင်းက နိုဝင်ဘာ ၂၄ ရက် တွင် ပြောသည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော NLD ပါတီအနေဖြင့် ယင်းသို့ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်း ကို တင်းကျပ်စွာကိုင်တွယ်မည်ဖြစ်ရာ မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ချုပ်ကိုင်ထားသော သြဇာအာဏာကြီးမား သူများနှင့် ထိပ်တိုက်တွေ့ဖွယ်ရှိနေသည်။မြန်မာ့ကျောက်စိမ်းလုပ်ငန်းကို ခရိုနီကြီးများ၊ စစ်ဗိုလ်ချုပ်ဟောင်းများနှင့် တိုင်း ရင်းသားလက်နက်ကိုင်များက လွှမ်းမိုးချုပ်ကိုင်ထားကြသည်။

''လက်ရှိလုံခြုံရေးစည်းကမ်းသတ် မှတ်ချက်တွေကို ပြန်လည်သုံးသပ်ရမှာဖြစ်ပြီး လိုအပ်ရင် ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတွေ လိုင်စင်လျှောက်တဲ့အခါ မှာ သူတို့မှာ မြေစာစွန့်ပစ်ဖို့ လုံလောက်သော အကျယ် အ၀န်းနဲ့ လုံခြုံစိတ်ချမှုရှိမှ လိုင်စင်ချပေးတာမျိုး လုပ်မယ်။ လက်ရှိ စည်းကမ်းသတ်မှတ်ချက်တွေမှာ ဒီအချက် ပါပြီးသားဆိုရင် ကုမ္ပဏီတွေ ဒါကိုအမှန် တကယ်လိုက်နာလာအောင် ဆောင်ရွက် မယ်''ဟု NLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုကြောင့် လူ ၁၀၀ ကျော်ပျောက်ဆုံးနေပြီး ယခုအချိန် အထိ လူ ၁၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ သည်။ မိုင်းတွင်းလုပ်သားများ ယာယီတဲ များတွင် အိပ်စက်နေစဉ်အတွင်း မြေစာပုံကြီး ပြိုကျ၍ မြေပြိုပိမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ယခင် မြေစာပုံ ပြိုကျမှုဖြစ်စဉ်များ နောက်ပိုင်းတွင် အစိုးရကချမှတ်ထားသော လုံခြုံရေးသတ်မှတ်ချက်များကို လိုက်နာမှုမရှိကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပိုမိုထိရောက်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း သမ္မတရုံးပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

''စည်းကမ်းသတ်မှတ်ချက်တွေကို တိတိကျကျလိုက်နာမှုရှိအောင် ပြည်နယ် အစိုးရက ၀င်ရောက်စစ်ဆေးတာမျိုးလုပ်ဖို့ လိုပါတယ်''ဟု ၎င်းက ပြောသည်။ပျောက်ဆုံးနေသူများကို ရှာဖွေ ကယ်ဆယ်နိုင်မည့် မျှော်လင့်ချက်ကုန်ခန်း သွားပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး သမားများက နိုဝင်ဘာ၂၄ ရက်တွင် ပြောသည်။

Ref ; Bangkok Post
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အစိုးရသစ်လက်ထက်တွင် ကျောက်စိမ်းမိုင်းတွင်း လုံခြုံရေးကို တိုးမြှင့်တင်းကျပ်မည်ဟုဆို   အစိုးရသစ်လက်ထက်တွင် ကျောက်စိမ်းမိုင်းတွင်း လုံခြုံရေးကို တိုးမြှင့်တင်းကျပ်မည်ဟုဆို Reviewed by THITHTOOLWIN on 14:55 Rating: 5
Powered by Blogger.