ရွေးကောက်ပွဲ အောင်မြင်မှုကို သြစီချီးကျူး

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီဘိရှော့ပ် (Credit: AFP) 
မြန်မာနိုင်ငံမှာ ​ရွေးကောက်ပွဲကို ​ထင်ထားတာထက် ​အဆင်ပြေအောင် ​ကျင်းပနိုင်တဲ့အပေါ် ​ဂုဏ်ယူကြောင်း ​သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ​ကျင်းပတဲ့ ​ရွေးကောက်ပွဲကို ​ကြည့်ပြီး ​မြန်မာပြည်သူတွေအနေနဲ့ ​ဒီမိုကရေစီ ​အသွင်ကူးပြောင်းရေးကို ​လိုလားတယ်ဆိုတာကို ​နိုင်ငံတကာကို ​ပြသလိုက်တာ ​ဖြစ်တယ်လို့လည်း ​ပြောပါတယ်။

ပြည်တွင်း ​ပြည်ပ ​ရွေးကောက်ပွဲ ​စောင့်ကြည့်လေ့လာရေး ​အဖွဲ့ရဲ့ ​ကနဦး ​သုံးသပ်ချက်အရ ​ဒီရွေးကောက်ပွဲ ​ဖြစ်စဉ်ဟာ ​ထင်ထားတာထက် ​အဆင်ပြေ ​ချောမွေ့တယ်လို့ ​သုံးသပ်နေကြပြီး ​စိန်ခေါ်မှုတွေ ​ကြားကနေပဲ ​ကျင်းပနိုင်ခဲ့တဲ့ ​ရွေးကောက်ပွဲကော်မရှင် ​ဦးတင်အေးနဲ့ ​သမ္မတ ​ဦးသိန်းစိန်တို့ရဲ့ ​လုပ်ဆောင်မှုကို ​ကြိုဆိုကြောင်းလည်း ​ပါရှိပါတယ်။

ဒါ့အပြင် ​မြန်မာရွေးကောက်ပွဲမှာ ​စောင့်ကြည့်ခဲ့တဲ့ ​သြစတြေးလျနိုင်ငံက ​လွှတ်တော်အမတ် ​၃ ​ယောက်ကိုလည်း ​ကျေးဖူးတင်တယ်လို့ ​နိုင်ငံခြားရေး ​ဝန်ကြီးက ​ပြောပါတယ်။

သြစတြေးလျအနေနဲ့ ​သက်ဆိုင်ရာ ​အဖွဲ့အစည်း ​အားလုံးနဲ့ ​ဆက်လက်ပြီး ​သမ္မတ ​ရွေးကောက်တင်မြောက်ရေးနဲ့ ​အစိုးရသစ် ​ဖွဲ့နိုင်ရေးတွေမှာ ​ပါဝင် ​လုပ်ဆောင်သွားမယ်လို့ ​ပြောပါတယ်။

သြစတြေးလျ ​အနေနဲ့ ​ဒီရွေးကောက်ပွဲအတွက် ​ဒေါ်လာ ​၄.၂ ​သန်း ​ထောက်ပံ့ကူညီထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရွေးကောက်ပွဲ အောင်မြင်မှုကို သြစီချီးကျူး   ရွေးကောက်ပွဲ အောင်မြင်မှုကို သြစီချီးကျူး Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.