တိုကျိုရှိ ယာစူကူနီ ဗိမာန်မှာ ပေါက်ကွဲမှုဖြစ်


 ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ယာစူကူနီ ဗိမာန်ရဲ့ အများပြည်သူ ကိုယ်လက်သန့်စင်ခန်းမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ပေမယ့် အဆိုပါ ကိုယ်လက်သန့်စင်ခန်းရဲ့ မျက်နှာကျက်၊ ကြမ်းပြင်နဲ့ နံရံတွေ ပျက်စီးသွားခဲ့တယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပြီး ပေါက်ကွဲရာနေရာအနီးမှာ ဘက်ထရီနဲ့ ၀ိုင်ယာကြိုးတွေကိုလည်း တွေ့ရှိရကြောင်း၊ အခုလို ပေါက်ကွဲမှုဟာ တမင်ရည်ရွယ် လုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း ဂျပန်ရဲတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် မျက်နှာကျက်မှာ ၃၀ စင်တီမီတာခန့် အကျယ်ရှိတဲ့ အပေါက်တစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ NHK သတင်းက ဆိုပါတယ်။

ယာစူကူနီ ဗိမာန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက သေဆုံးခဲ့တဲ့ ဂျပန်နိုင်ငံသားတွေကို ရည်ရွယ်တည်ဆောက်ထားတာ ဖြစ်ပြီး သေဆုံးသူများအတွက် နှစ်စဉ် ၀တ်ပြုဆုတောင်းပွဲ ကျင်းပတာ ဖြစ်ပါတယ်။

ဒီ ဗိမာန်ကို ယခုလက်ရှိ ဂျပန် ၀န်ကြီးချုပ် Shinzo Abe အပါအ၀င် နိုင်ငံရေးသမားတွေ မကြာခဏ လာရောက် ဂါရ၀ ပြုလေ့ ရှိတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
တိုကျိုရှိ ယာစူကူနီ ဗိမာန်မှာ ပေါက်ကွဲမှုဖြစ်  တိုကျိုရှိ ယာစူကူနီ ဗိမာန်မှာ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.