ရသေ့တောင်မြို့နယ် နေရာ ၄ ခုစလုံး ANP အနိုင်ရရှိ


စစ်တွေ၊ နိုဝင်ဘာ ၉

ရသေ့တောင်မြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် နှစ်နေရာ တွင် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိကြောင်း ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာမှ ၀င်ရောက်ယှဉ်ပြိုင်သူ ဦးဦးသန်းနိုင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ဦးခင်မောင်လတ်၊ ပြည်သူ့ လွှတ်တော်တွင် ဒေါ်ခင်စောဝေ၊ ပြည်နယ် လွှတ်တော် အမှတ် (၁) တွင် ဦးဖိုးမင်း၊ ပြည်နယ် လွှတ်တော် အမှတ် (၂) တွင် ဦးဦးသန်းနိုင်တို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် မှ အနိုင်အရှုံး စာရင်းကို မထုတ်ပြန်သေးသော်လည်း ရပ်ကျေး ကော်မရှင်များ၏ ရရှိလာသော မဲစာရင်းများကို စုပေါင်း၍ အနိုင်ရရှိကြောင်း သူက ပြောသည်။

Arakan State
https://www.facebook.com/NarinjaraNews

ရသေ့တောင်မြို့နယ် နေရာ ၄ ခုစလုံး ANP အနိုင်ရရှိ   ရသေ့တောင်မြို့နယ် နေရာ ၄ ခုစလုံး ANP အနိုင်ရရှိ Reviewed by THITHTOOLWIN on 11:03 Rating: 5
Powered by Blogger.