SSPP/SSA ဌာနချုပ်အနီးရှိတပ်စခန်းသို့ အစိုးရတပ်လက်နက်ကြီးပစ်ခတ်


အောက်တိုဘာလ ၁၁ ရက် ၂၀၁၅

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ ဌာနချုပ်ဝမ့်ဟိုင်း အဝင်လမ်းခွဲ ၂ မိုင်ခန့်အကွာ ကောင်းမူးလွယ်သို့ လွယ်ကျူမောက်ခေါဝ် တပ်စခန်းမှ အစိုးရတပ်များလက်နက်ကြီးဖြင့် ယနေ့နေ့ခင်းပိုင်းက ပစ်ခတ် တိုက် ခိုက်နေ ကြောင်းသိရသည်။

“ လွယ်ကျူမောက်ခေါဝ် စခန်းကနေ ကောင်းမူးလွယ်စခန်း ဘက်ကိုပစ်နေ တာလေ။ ဝမ့်ဟိုင်းထဲကနေ လက် နက်ကြီးသံ တွေကြားနေရတယ်။ ကျနော်တို့ဘက်က ပြန်ပစ်တာတော့မရှိသေးဘူး။ မွန်းလွဲ ၂ နာရီ လောက် ကစပစ်တာ အခု ၃ နာရီကျော်နေပြီ။ ကျနော်တို့တပ်စခန်းဘက်ကို တမင်သက်သက် ပစ်ခတ် တာဘဲ” ဟု ဝမ့်ဟိုင်းနေ ဒေသခံလူငယ် စိုင်းလျဲန်းကပြောသည်။

ပစ်ခတ်နေသော အစိုးရစစ်တပ်မှာ မည်သည့်တပ်မှန်း အတိအကျမ သိရေ သး သော်လည်း နမ့်ပုတ် လွယ်ကျူမောက်ခေါဝ် စခန်းတွင် လာရောက် တပ်စွဲထားသော စကခ ၁၇ လက်အောက်ခံ တပ်များဖြစ် နိုင် ကြောင်း ဆိုပါသည်။

အစိုးရစစ်တပ်သည် သျှမ်းပြည်တိုးတက်ရေးပါတီအား ထိုးစစ်ဆင်တိုက် ခိုက် နေသည်မှာ အောက်တိုဘာ ၆ ရက်နေ့ကတည်းကဖြစ်ပါသည်။ ယနေ့တိုင်တိုက်ပွဲများမရပ်ဘဲ ဆက်တိုက်ဖြစ်ပွါးနေပါသည်။

တိုက်ပွဲကြောင့် အစိုးရတပ်ဘက်မှ အကျများသည်ဟု လည်း ဒေသ တွင်း ပြည်သူ့ စစ်တပ်ဖွဲ့မှ အရာရှိတဦးကလည်း ပြောသည်။

“ အစိုးရဘက်က ဒဏ်ရာရသူတွေတွေကိုကားကြီး ၃ စီးနဲ့မနေ့က သယ်ထုတ်လာတာတွေ့တယ်။ အကျများတယ်ပြောတယ်။ သူတို့စစ်ကြောင်းဘက်ကသတင်းကတော့ သူတို့ ၃၀ လောက်ဘဲကျ တယ်တဲ့။ ဘယ်လောက်လောက်ရှိ မလဲအသေအချာမသိသေးဘူး။ ” ဟုဆိုပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီဘက်မှာ NCA လက်မှတ်ရေးထိုးရန် သဘောမတူသေးသဖြင့် အစိုးရ တပ်မတော်က အင်အားသုံးထိုး စစ်ဆင်ခြင်းဖြစ်ကြောင်း SSPP ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ပြောပါသည်။

အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း အရှေ့မြောက်ပိုင်း တိုင်းေ အာက် မှ စစ်အင်အား ၇ စီး နမ္မတူဘက်သို့ ထွက်သွားကြောင်း လည်း မြင်တွေ့ရ သူဒေသခံများကပြောသည်။

သို့သော် SSPP/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူ ထားသည့် အဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
SSPP/SSA ဌာနချုပ်အနီးရှိတပ်စခန်းသို့ အစိုးရတပ်လက်နက်ကြီးပစ်ခတ် SSPP/SSA ဌာနချုပ်အနီးရှိတပ်စခန်းသို့ အစိုးရတပ်လက်နက်ကြီးပစ်ခတ် Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.