နေပြည်တော်စုံတွဲ လူသတ်မုဒိမ်းမှု ကျုးလွန်သူ ၄ ဦးစလုံး ဖမ်းမိပြီ


 နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Junction Center အနောက်တွင် စက်တင်ဘာ ၂၉ ရက် ညဥ့်နက်သန်းခေါင်အချိန်တွင် ဖြစ်ပွားခဲ့သော အသက် ၁၆ နှစ်အရွယ် လင်မယားစုံတွဲမှ ခင်ပွန်း အသတ်ခံရပြီး အမျိုးသမီး အဓ္ဓမပြုကျင့်ခံရမှုဖြစ်စဉ်တွင် ကျုးလွန်သူ ၄ ဦးစလုံးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၆ ရက်နေ့က ကျုးလွန်သူ ၂ ဦးဖြစ်သော ဇမ္ဗူသီရိမြို့ နယ်၊ သာယာကုန်းကျေးရွာနေ ကျော်မောင် (ခ) ညီညီ (အသက် ၁၉) နှင့် ရွှေကြာပင်ရပ်ကွက်နေ အောင်ပိုင် (ခ) အောင်တင်မျိုး (အသက် ၂၁ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ပြီး ယမန်နေ့ အောက်တိုဘာ ၇ ရက်တွင် ကျန် ၂ ဦးဖြစ်သော ဇော်မျိုးသူ (ခ) ဇော်လေး (အသက် ၂၂ နှစ်ခန့်) နှင့် မျိုးဇော်ဝင်း (ခ) ကောင်လေး (အသက် ၁၆ နှစ်ခန့်) တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်နေ့ ည ၈ နာရီအချိန်တွင် မျိုးဇော်ဝင်း (ခ) ကောင်လေးသည် ဒက္ခိဏသီရိမြို့နယ် ရဲစခန်းသို့ ကိုယ်တိုင်လာရောက်ဖမ်းဆီးခံခဲ့ပြီး ယနေ့ အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် နောက်ဆုံးကျန်ရှိ တရားခံ ဇော်မျိုးသူ (ခ) ဇော်လေးသည်လည်း အဆိုပါ ရဲစခန်း၌ပင် ကိုယ်တိုင်လာရောင် ဖမ်းဆီးခံခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ အဆိုပါပြစ်မှုကျုးလွန်သူ ၄ ဦးစလုံး ဖမ်းဆီးရမိပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့မှ ခြေရာခံလိုက်ရာတွင် တရားလို မ----၏ ထွက်ဆိုချက်ပါ ခြေထော့ကျိုးတဦး၊ အဓ္ဓမပြုကျင့်သူအချင်းချင်း ညီညီဟု နာမည်ခေါ်သံတို့အပေါ်အခြေခံ၍ စုံစမ်းခဲ့ရာမှ ကနဦးလွဲချော်မှုများရှိခဲ့သော်လည်း အောက်တိုဘာ ၆ ရက်နေ့တွင် ခြေထော့ကျိုးနေသူတဦးကို ထပ်မံတွေ့ရှိ၍ မ----အား ပြသခံရာ ဟုတ်မှန်ကြောင်းပေါ်ပေါက်ခဲ့ပြီး တရားခံများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ထော့ကျိုးပုံသဏ္ဍန်ရှိသူမှာ အောင်ပိုင် (ခ) အောင်တင်မျိုးဟု သိရပြီး အဓ္ဓမပြုကျင့်ခံရသူ မ---- ကို လမ်းကြောင်းပြထွက်ပြေးခိုင်းခဲ့သူဟု သိရပြီး ၎င်းမှတဆင့် ကျော်မောင် (ခ) ညီညီကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားခဲ့ပုံမှာ စက်တင်ဘာ ၂၉ ည ၁၁ နာရီခန့်တွင် မ---- (အသက် ၁၆ နှစ်) နှင့် မောင်ချစ်နိုင်ဦး (အသက် ၁၆ နှစ်) တို့ ဇနီးမောင်နှံ ၂ ဦး ဆိုင်ကယ်စီးထွက်ခဲ့ကြပြီး ည ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒက္ခိဏသီရိမြို့နယ် Junction Center အကျော်တွင် ဆိုင်ကယ်ကိုကွေ့ပြီးပြန်အထွက် ဆိုင်ကယ် ၂ စီးဖြင့် အမည်မသိ လူ ၄ ဦးနှင့်တွေ့ပြီး ခြိမ်းခြောက်ပြောဆို၍ ၎င်းတို့စီးလာသောဆိုင်ကယ်အား လူ ၄ ဦး ဆိုင်ကယ် ၂ စီးမှ ညှပ်၍ခေါ်ဆောင်လာပြီး Junction Center နောက် သံတမန်ဇုံ B လမ်း လမ်းသွယ်အရောက်တွင် ဇနီးမောင်နှံ၏ဆိုင်ကယ်အား တွန်းလှဲပြီး ခင်ပွန်းဖြစ်သူ ချစ်နိုင်ဦးအား အမည်မသိလူ ၂ ဦးမှ ဆွဲခေါ်သွားပြီး ဓါးဖြင့်ထိုးပြီး လူလေးဦး စလုံးမှ မ---- အား သားမယားပြုကျင့်ခဲ့ကြခြင်း ဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နေပြည်တော်စုံတွဲ လူသတ်မုဒိမ်းမှု ကျုးလွန်သူ ၄ ဦးစလုံး ဖမ်းမိပြီ    နေပြည်တော်စုံတွဲ လူသတ်မုဒိမ်းမှု ကျုးလွန်သူ ၄ ဦးစလုံး ဖမ်းမိပြီ Reviewed by THITHTOOLWIN on 12:03 Rating: 5
Powered by Blogger.