လားရှိုးမှာ ပေါက်ကွဲမှုဖြစ်

(တာဝန်ရှိသူများ ပေါက်ကွဲမှုဖြစ်တာနဲ့ပတ်သက်ပြီး စစ်ဆေးနေစဉ်)
 ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၉)ရပ်ကွက် အတွင်းမှာရှိတဲ့ အမှတ် (၆၂၆)ထောက်ပံ့နှင့်ပို့ ဆောင်ရေးတပ်ရင်း အရှေ့ ဘက် မှာ ဒီကနေ့ ည(၇)နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

အနီးမှာရှိတဲ့ ဆိုင်ရှင်တွေက အဲဒီပေါက်ကွဲမှုဟာ ပြင်းအားကြီးလွန်းပြီး အနီးနားက နေအိမ်တွေတုန်ခါသွားတယ်လို့ ပြောပါတယ်။

အဲ့ဒီ့ နေရာကို တပ်ရင်းတပ်ဖွဲတွေ ၊စစ်တပ်ကမိုင်းရှင်းလင်းရေးအဖွဲ့ တွေနဲ့ မြို့ နယ် ရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့ ပါတယ်။ အနီးနားကဒေသခံတွေကတော့လက်လုပ်မိုင်းဖြစ်နိုင်တယ်လို့  ပြောကြပေမယ့် မြို့ နယ်ရဲတပ်ဖွဲ့  ရဲမှူးတင်ဖေ၀င်းကတော့ အခုပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်တယ်လို့သာ ပြောပါတယ်။

လတ်တလောမှာ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
လားရှိုးမှာ ပေါက်ကွဲမှုဖြစ်  လားရှိုးမှာ ပေါက်ကွဲမှုဖြစ် Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.