ဒမတ်စကပ် ၊ ၇-၁၀-၂၀၁၅
ရုရှားသမ္မတ ဗလာဒီမာပူတင် သည် ဆီးရီးယား သမ္မတ ဘာရှာအာဆတ် အစိုးရကို အထောက်အကူ ပြုနိုင်ရန် ရုရှား အထူးတပ်ဖွဲ့ဝင် များကို ဆီးရီးယားနိုင်ငံ အတွင်းသို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် ဆီးရီးယား သမ္မတအာဆတ် ကို ရာထူးမှ ဖယ်ရှားနိုင်ရေး အစိုးရတပ် များကို တိုက်ခိုက်လျက် ရှိသည့် အတိုက်အခံ သူပုန်တပ် များကို အပြီးချေမှုန်း နိုင်ရန် စပက်တနက်ဇ် အမည်ရှိ အထူးတပ်ဖွဲ့ကို ဆီးရီးယား နိုင်ငံသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းတပ်ဖွဲ့ဝင် များသည် အတိုက်အခံ တပ်များ အပါအဝင် ဆီးရီးယား အစိုးရကို တိုက်ခိုက်နေသည့် သူပုန်တပ်ဖွဲ့များ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဟု စစ်ဘက်သတင်း အရင်းအမြစ် တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ RT သတင်းဌာန က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
ဆီးရီးယား နိုင်ငံအတွင်းသို့ ရုရှား အထူးတပ်ဖွဲ့ များကို စေလွှတ် ခဲ့ခြင်းသည် ဗြိတိန် နှင့် အမေရိကန် ပြည်ထောင်စု တို့အတွက် ထိုးနှက်ချက် တစ်ရပ်အဖြစ် ထွက်ပေါ်လာ ခဲ့ရုံသာမက ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံအတွင်း ၄င်းတို့၏ စစ်ဘက် အင်အားကို စုစည်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
ရုရှား အထူးတပ်ဖွဲ့ ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဆီးရီးယား အစိုးရကို တိုက်ခိုက်နေသည့် မည်သည့်တပ်ဖွဲ့ ကိုမဆို ချေမှုန်းသွားရန် ဖြစ်ပြီး စပက်တနက်ဇ် အထူးတပ်ဖွဲ့သည် ရုရှားနိုင်ငံ အတွင်းရှိ ကြောက်မတ်ဖွယ် အကောင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်ပြီး ၄င်းတို့သည် ချေချင်ညာ တိုက်ပွဲတွင် ပါဝင် တိုက်ခိုက် ခဲ့ဖူးကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com
အာဆတ်အစိုးရကို အထောက်အကူ ပြုနိုင်ရန် ဆီးရီးယားနိုင်ငံသို့ အထူးတပ်ဖွဲ့ဝင်များကို ရုရှားစေလွှတ်
Reviewed by THITHTOOLWIN
on
11:00
Rating:
