မော်ချီးဒေသ တောင်ပေါ်ရွာတွင်မြေပြိုမှုများဖြစ်ပေါ်နေ

 မော်ချီးဒေသ တောာင်ပေါ်ရွာ
 ဖားဆောင်မြို့နယ် မော်ချီးဒေသ တောာင်ပေါ်ရွာတွင် ယခုညနေ ၄:၂၀ ခန့်ကစတင်၍ မြေပြိုကျမှု့ကြီးကြီးမားမားဖြစ်ပေါ်နေပြီး တောင်ပေါ်ရွာရှိဒေသခံ အချို့ပိတ်မိနေကြသလို တောင်ကြေားတစ်လျှောက်နေအိမ်များပါ ပျက်စီးနေကြောင်း မော်ချီးတောင်ပေါ်ရွာက ဒေသခံတစ်ဦးမှ သတင်းပေးပို့သည်။
"ခုတောင်မှာပြိုနေတာ ကျနော်ရပ်ကွက်ပဲခိုင်မာတယ် ဘုရာကျောင်း တွေ ရေကန်တွေ အကုန်ပြိုကုန်ပြီ တောင်စောင်းမှာရှိတဲ့ တဲအိမ်ပြာပြာလေးတွေလေ အဲ့ဒါတွေလည်း ပြိုကုန်တယ် အောက်ကိုပြေးဆင်းဖို့ လူသွားလမ်းတောင်မရှိဘူး "ဟု ဒေသတစ်ဦးက ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

ယခုချိန်ထိ မြေပြိုနေမှုဟာ တောင်ပေါ်ရွာ တွင်ဖြစ်ပေါ်နေတာဖြစ်ပြီး တောင်ပေါ်ရွာ ရတနာအောက်မြေရပ်ကွက် ဓမ္မာရုံအနီးတစ်ဝိုက်မှာသာ ဘာမှမဖြစ်ဘဲကျန်ရှိနေသေးကြောင်း ဒေသခံအများစုမှာ ၎င်းဓမ္မာရုံတွင်စုဝေးနေကြတယ်ဟု လတ်တလေား ဒေသခံများထံမှသိရှိရသည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
မော်ချီးဒေသ တောင်ပေါ်ရွာတွင်မြေပြိုမှုများဖြစ်ပေါ်နေ   မော်ချီးဒေသ တောင်ပေါ်ရွာတွင်မြေပြိုမှုများဖြစ်ပေါ်နေ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.