မြင်းခြံနည်းပညာတက္ကသိုလ် အိုင်တီခန်းမ၏ မျက်နှာကြက် လေပြင်းတိုက် သည့်အတွက် ပြိုကျ


 မြင်းခြံမြို့၊ နည်းပညာတက္ကသိုလ်ရှိ ခန်းမဆောင်သည် ယခုလ ၉ ရက်နေ့ ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် မျက်နှာကြက် ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ခန်းမအတွင်းရှိ ကွန်ပျူတာ ပစ္စည်းများ ပျက်စီးသွားခဲ့ကြောင်း သိရသည် ။

“ဒီအခန်းကို လုပ်တာက လေးလပိုင်းလောက်မှာ ပြီးတယ် ။ အခုလနဲ့ဆိုရင် ငါးလကျော် ရှိသွားပြီပေါ့ ။ ငါးလအတွင်းမှာ လေတိုက်လို့ အခန်းက မျက်နှာကြက်ပြိုကျတာမျိုးကတော့ မဖြစ်သင့်ပါဘူး ။ အခန်းထဲမှာ လူမရှိလို့ တော်သေးတာပေါ့ ။ လူသာရှိရင် မလွယ်ပါဘူး” ဟု မြင်းခြံနည်းပညာ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောသည် ။

ယင်းကဲ့သို့ လေပြင်းတိုက်ခတ်မှုကြောင့် ခန်းမဆောင် မျက်နှာကြက် ပြိုကျမှုဖြစ်ပွားခဲ့ သော်လည်း လူတစ်ဦးတစ်ယောက်မျှ ထိခိုက်မှုမရှိဘဲ အခန်းအတွင်းရှိ ပစ္စည်းများသာ ပျက်စီးခဲ့ရကြောင်း ၊ ယင်းခန်းမကို တာဝန်ယူ တည်ဆောက်ပေးခဲ့သော ကုမ္ပဏီကို ကျောင်းမှ ဆင့်ခေါ်ကာ ဖြေရှင်းရန် အကြောင်းကြားထားကြောင်း သိရသည်။

“ဒီကိစ္စကို တည်ဆောက်ပေးတဲ့ ကုမ္ပဏီက တာဝန်ယူပေးဖို့ အတွက် ကျောင်းအနေနဲ့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ကျောင်းဆောင်တွေမှာ လည်း အပေါ်ထပ်တွေမှာ မိုးယိုလို့ ဖာခိုင်းတာတွေကိုလည်း မျက်နှာကြက်တွေပဲ ဖာသွားတာမျိုး တွေလည်း ရှိပါတယ်” ဟု ယင်းက ဆက်လက်ပြောသည် ။

ယင်းကဲ့သို့ မျက်နှာကြက်ပြိုကျသည့် အချိန်မှာ ကျောင်းဆင်းချိန်ဖြစ်နေသည့် အတွက် ကျောင်းတွင် ကျောင်းသားကျောင်းသူများ မရှိသည့်အချိန် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်နှာကြက် ပြိုကျခြင်းကြောင့် ပျက်စီးခဲ့သည့် ကွန်ပျူတာ အရေအတွက်မှာ ဆယ်လုံးကျော် ရှိကြောင်း သိရသည် ။

သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies



မြင်းခြံနည်းပညာတက္ကသိုလ် အိုင်တီခန်းမ၏ မျက်နှာကြက် လေပြင်းတိုက် သည့်အတွက် ပြိုကျ   မြင်းခြံနည်းပညာတက္ကသိုလ် အိုင်တီခန်းမ၏ မျက်နှာကြက် လေပြင်းတိုက် သည့်အတွက် ပြိုကျ Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.