ခ​ရီး​သည်၂၀၀​ကျော်​ပါ​လာ​တဲ့ ​ရု​ရှေ​လ​ယာဉ် ​ပျက်​ကျ
လေ​ယာဉ်​ပျက်​ကျ​တဲ့​သ​တင်း​ကို ​အီ​ဂျစ်​ဝန်​ကြီး​ချုပ်​ရုံး​က ​အ​တည်​ပြု ​ပြော​ကြား​ခဲ့​တာ​ဖြစ်​ပါ​တယ်။ ​လေ​ယာဉ်​ပေါ်​ပါ​လာ​တဲ့​ခ​ရီး​သည်​အား​လုံး​ဟာ ​ရု​ရှ​နိုင်​ငံ​သား​တွေ ​ဖြစ်​တယ်​လို့ ​အီ​ဂျစ်​ဘက်​အာ​ဏ္ဍ​ပိုင်​များ​ဘက်​က​ထပ်​မံ ​အ​တည်​ပြု​ခဲ့​ပါ​တယ်။
ရု​ရှေ​လ​ကြောင်း​လိုင်း ​ကို​ဂါ​လီ​မာ​ဗီ​ယာ​ပိုင် ​အ​ဆို​ပါ ​လေ​ယာဉ်​ဟာ ​ရှမ်​အယ်လ်​ရှိတ် ​အ​ပန်း​ဖြေ​ကျွန်း​က​နေ ​ရု​ရှ​နိုင်​ငံ ​စိန့်​ပီ​တာ​စ္စ​ဘက်​မြို့​ကို ​ဦး​တည်​ပျံ​သန်း​ရင်း​ပျက်​ကျ ​ခဲ့​တာ​ဖြစ်​ပါ​တယ်။
ဘာ​ကြောင့်​လေ​ယာဉ်​ပျက်​ရ​တယ်​ဆို​တာ ​တ​ရား​ဝင်​စုံ​စမ်း​စစ်​ဆေး​ဖို့​ရု​ရှ​သ​မ္မ​တ ​ဗ​လာ ​ဒီ​မာ​ပူ​တင်​က​အ​မိန့်​ထုတ်​ပြန်​ထား​ပါ​တယ်။ ​လေ​ယာဉ်​ပေါ်​က ​ခ​ရီး​သည်၂၁၇​ဦး ​မှာ ​ခ​လေး၁၇​ဦး​နဲ့ ​လေ​ယာဉ်​အ​မှု​ထမ်း၇​ဦး​နဲ့ ​လေ​ယာဉ်​အ​မှု​ထမ်း၇​ဦး​ပါ​တယ်​လို့ ​ရု​ရှ​ဘက်​က ​အ​တည်​ပြု ​ထား​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ခ​ရီး​သည်၂၀၀​ကျော်​ပါ​လာ​တဲ့ ​ရု​ရှေ​လ​ယာဉ် ​ပျက်​ကျ  ​ခ​ရီး​သည်၂၀၀​ကျော်​ပါ​လာ​တဲ့ ​ရု​ရှေ​လ​ယာဉ် ​ပျက်​ကျ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.