မိုင်းဆတ်မြို့မဈေး မီးလောင်မှုဖြစ်ပွား



 မိုင်းဆတ် အောက်တိုဘာ ၁၀

 ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ် မြို့မဈေး၌ အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီက ဆိုင်ခန်းအမှတ်(၂၃၆) ဆိုင်ရှင် ဦးနိုင်နိုင်ဇော်(ခ) ဦးငယ်လေး၏ ပလပ်စတစ်နှင့် ကုန်မာ အရောင်းဆိုင်၌ ခြင်ဆေးခွေ ထွန်းထားရာမှ ဂက်(စ်) မီးခြစ်နှင့် ဂက်(စ်)ဗူး များသို့ မီးကူးစက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုကို ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီ ၀င်များနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်မင်း ဦးဆောင်သော မီးသတ် တပ်ဖွဲ့ဝင် (၁၂)ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် (၂၀)ဦးတို့က မီးသတ်ယာဉ် (၂)စီးနှင့် ရေသယ်ယာဉ် (၁)စီးဖြင့် မီးငြိမ်းသတ်ရာ ည ၆ နာရီခွဲခန့်တွင် မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း အမှတ် (၂၃၆) ဆိုင်ရှင် ဦးနိုင်နိုင်ဇော်(ခ) ဦးငယ်လေးနှင့် ဆိုင်ခန်းအမှတ် (၂၃၇) ဆိုင်ရှင် ဦးအောင်မျိုးသူ၏ ဆိုင်တွင်း ပစ္စည်းကျပ်-၂၂၀၀၀၀ိ/-ဘိုးခန့် မီးလောင် ဆုံးရှုံးခဲ့သည်။

မီးစတင် လောင်ကျွမ်းခဲ့သည် ဆိုင်ရှင် ဦးနိုင်နိုင်ဇော်(ခ) ဦးငယ်လေးအား မိုင်းဆတ် မြို့နယ် ရဲစခန်း၌ (ပ/၁၆)၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

သန်းဇော် (iprd)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုင်းဆတ်မြို့မဈေး မီးလောင်မှုဖြစ်ပွား   မိုင်းဆတ်မြို့မဈေး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.