ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ဖို့ ရုရှားနဲ့ ကန် သဘောတူ

ရုရှားနိုင်ငံပိုင် Sukhoi SU-24 လေယာဉ် (Credit: AFP)
ဆီးရီးယားနိုင်ငံက ​အကြမ်းဖက်တွေကို ​တိုက်ခိုက်ရင်း ​အမေရိကန်နဲ့ ​ရုရှားတပ်တွေအကြား ​ပစ်ခတ်မှုတွေ ​မဖြစ်အောင် ​ပူးပေါင်းလုပ်ဆောင်ကြဖို့ ​အမေရိကန်နဲ့ ​ရုရှားတို့ ​သဘောတူခဲ့ကြပါတယ်။

ရုရှားက ​ဆီးရီးယားနိုင်ငံမှာ ​ဝေဟင်အကြမ်းဖက်မှုတွေ ​လုပ်ပြီးနောက်ပိုင်း ​အမေရိကန်နဲ့ ​ရုရှားတို့ ​အခုလို ​တွေ့ဆုံပြီး ​သဘောတူညီမှု ​ရယူတာပါ။

တဖက်နဲ့ ​တဖက် ​မှားယွင်းပစ်ခတ်မှုတွေ ​မဖြစ်ရအောင် ​အမေရိကန် ​ဦးဆောင်တဲ့ ​ညွှန့်ပေါင်းတပ်နဲ့ ​ရုရှားတပ်အကြား ​ဆက်သွယ်မှုလုပ်ပြီးမှ ​ပစ်ခတ်ကြဖို့ ​သဘောတူခဲ့ကြပါတယ်။

သဘောတူညီမှု ​မရခင်တုန်းက ​ရုရှားကနေ ​IS ​တပ်စခန်း ​၈ ​ခုကို ​တိုက်ခိုက်ခဲ့တယ်လို့ ​ရုရှားက ​ပြောပေမယ့် ​ရုရှား ​တိုက်ခိုက်မှု ​လုပ်ခဲ့တဲ့ ​နေရာမှာ ​IS ​တပ်တွေ ​မရှိဘူးလို့ ​အမေရိကန်က ​ပြောလိုက်ပါတယ်။

ရုရှားရဲ့ ​တိုက်ခိုက်မှုကြောင့် ​ပြည်သူတွေ ​သေဆုံးရတယ် ​ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။ ​ဗုံးကျဲမှု ​မလုပ်ခင် ​တစ်နာရီအကြာမှ ​ရုရှားဘက်က ​အသိပေးတာတွေ ​လုပ်တာကလည်း ​ပရော်ဖယ်ရှင်နယ် ​မဆန်ဘူးလို့လည်း ​အမေရိကန်က ​ဝေဖန်လိုက်ပါတယ်။

ရုရှားက ​IS ​ကို ​မတိုက်ပဲ ​ဆီးရီးယား ​သူပုန်တွေကို ​ပစ်မှတ်ထား ​တိုက်ခိုက်မှာကိုလည်း ​အနောက်တိုင်းနိုင်ငံတွေက ​စိုးရိမ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ဖို့ ရုရှားနဲ့ ကန် သဘောတူ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ဖို့ ရုရှားနဲ့ ကန် သဘောတူ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.