ရန်ကုန်-စစ်တွေသွား ကမ်းရိုးတန်းသင်္ဘော ကံ့ကော်ထူး(၁) နစ်မြုပ်၍ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ

( ယခု ဓာတ်ပုံမှာ ကိုမန်မုန်တိုင်း ဖြတ်သန်းစဉ်က မြင်တွေ့ရသော စစ်တွေဆိပ်ကမ်း ဖြစ်ပါသည်။ Photo- Narinjara)
 ရန်ကုန်၊ အောက်တိုဘာ ၁

 ရန်ကုန်မှ စစ်တွေသို့ ခုတ်မောင်းလာသော ကုန်တင်သင်္ဘော ကံ့ကော်ထူး (၁) သည် ယခုလ ၁၈ ရက်နေ့က ဧရာဝတီတိုင်း ပင်လယ်ပြင်တွင် နစ်မြုပ်သွားသဖြင့် သင်္ဘောသား ၉ ဦးမှာ ယနေ့ထိ ပျောက်ဆုံးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရေကြောင်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးထင်ကျော်မှ သင်္ဘောနစ်မြုပ်သည်မှာ မှန်ကန်ကြောင်း၊ ယနေ့အချိန်ထိ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေကြောင်း နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ သင်္ဘောနစ်တာက စက်တင်ဘာလ ၁၈ ရက်နေ့လောက် ဖြစ်ပါတယ် ။ ကျွန်တော်တို့ ပါသွားတာက ၁၁ ဦးပါသွား ပါတယ်။ ဧရာဝတီတိုင်း ပျဉ်ခရိုင်၊ပြင်စလူ ကမ်းခြေမှာ နစ်ပါတယ်။ သင်္ဘောထွက်တာက ရန်ကုန်ကနေ စက်တင်ဘာ ၁၇ ရက်နေ့က ထွက်တာပါ။ ၁၈ ရက်နေ့ ည ၈ နာရီ လောက်မှာ ပျောက်သွားပါတယ်။ ၁၀ နာရီ လောက်မှာ လုံးဝ အဆက်အသွယ် ပြတ်သွားပါတယ်” ဟု ပြောသည်။

၎င်းကမ်းရိုးတန်းသွား သင်္ဘောဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့ က ရန်ကုန်မြို့မှ စစ်တွေသို့ ထွက်ခွာလာခဲ့ကြာင်း၊ သင်္ဘောနစ်မြုပ်ရာ ပင်လယ်ပြင်မှာ လိုင်းလေ ဆိုးသော နေရာ တစ်ခု ဖြစ်ကြောင်း၊ ယခုအချိန်ထိ သင်္ဘောသားနှစ်ဦး အလောင်းကို ရရှိပြီ ဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဦးထင်ကျော်က ပြောသည်။

သင်္ဘောပေါ်တွင် ကုန်တန်ချိန် ၄၅၀ ခန့် တင်ဆောင်လာသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

ရန်ကုန်-စစ်တွေသွား ကမ်းရိုးတန်းသင်္ဘော ကံ့ကော်ထူး(၁) နစ်မြုပ်၍ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ   ရန်ကုန်-စစ်တွေသွား ကမ်းရိုးတန်းသင်္ဘော ကံ့ကော်ထူး(၁) နစ်မြုပ်၍ သင်္ဘောသား ၉ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 10:05 Rating: 5
Powered by Blogger.