နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ရွှေဝါရောင်သံဃာများနှင့် ဗကသကျောင်းသူကျောင်းသားများ ဆုတောင်းပွဲပြု


နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ဖို့ ရွှေဝါရောင်သံဃာများနှင့် ဗကသကျောင်းသားကျောင်းသူပူးပေါင်းပြီး အောက်တိုဘာ ၃၁ ရက်က ဆုလေဘုရားပေါ်တွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဝါရောင်သံဃာအဖွဲ့က ဦးနန္ဒသီရက “နိုင်ငံရေးအကျဉ်းသားများနှင့် ဖမ်းဆီးခံ ကျောင်းသားကျောင်းသူများ လွှတ်ပေးဖို့ ဆုတောင်းပွဲပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲတရားမျှဖို့နှင့် နိုင်ငံရေးအေးချမ်းဖို့ ဆုတောင်း မေတ္တာပို့ ပရိတ်ရွတ်ခြင်းဖြစ်ကြောင်း”ကို ယင်းက ပြောသည်။

ဗကသကျောင်းသူ မအေးအေးဟန်က “ကျွန်မတို့ရဲ့ ကျောင်းသူကျောင်းသားတွေ လွှတ်မြောက်ဖို့ ဆုတောင်းပွဲ ပြုလုပ်တာဖြစ်တယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့လို တယ်။ ကိုအောင်မှိုင်းဆန်းကိုလည်း လွှတ်ပေးဖို့ ဆုတောင်းမေတ္တာပို့ခြင်းဖြစ်တယ်”ဟု ပြောသည်။

၎င်းဆုတောင်းပွဲကို ဆူးလေဘုရား စနေ့ဒေါင့်တွင် ဆုတောင်းမေတ္တာပို့ပြီး ဆူးလေဘုရားကို သုံးပတ်ပတ်ပြီး ပရိတ်တရားတော်ရွတ်ဖတ်ပြီး ဆုတောင်းမေတ္တာပို့သကြောင်း သိရသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ရွှေဝါရောင်သံဃာများနှင့် ဗကသကျောင်းသူကျောင်းသားများ ဆုတောင်းပွဲပြု  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ ရွှေဝါရောင်သံဃာများနှင့် ဗကသကျောင်းသူကျောင်းသားများ ဆုတောင်းပွဲပြု Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.